30. လက်ဝါးကပ်တိုင်ပေါ်မှဆင်းခဲ့လော့။ သင့်ကိုယ် ကိုသင်ကယ်တင်လော့'' ဟုဆို၍ကိုယ်တော်ကို သရော်ကြ၏။-
31. ထိုနည်းတူစွာယဇ်ပုရောဟိတ်ကြီးများနှင့် ကျမ်းတတ်ဆရာများသည်ပြောင်လှောင်ကြ၏။ ``ဤသူသည်သူတစ်ပါးကိုကယ်တင်၏။ မိမိ ကိုယ်ကိုမူမကယ်တင်နိုင်ပါတကား။-
32. ဣသရေလရှင်ဘုရင်၊ မေရှိယအရှင်သည် လက်ဝါးကပ်တိုင်မှယခုဆင်းခဲ့ပါစေ။ သို့ ဆင်းသည်ကိုမြင်ရလျှင်ငါတို့ယုံကြည် ပေအံ့'' ဟုအချင်းချင်းပြောဆိုလျက် သရော်ကြ၏။ကိုယ်တော်နှင့်အတူလက်ဝါးကပ်တိုင်တွင် အတင်ခံရသောသူများကလည်း ကိုယ်တော် ကိုပြက်ရယ်ပြုကြ၏။
33. မွန်းတည့်ချိန်မှစ၍မွန်းလွဲသုံးနာရီတိုင် အောင် မြေတစ်ပြင်လုံးတွင်မှောင်အတိကျ လေ၏။-
34. မွန်းလွဲသုံးနာရီချိန်၌သခင်ယေရှုသည် ``ဧလိ၊ ဧလိ၊ လာမရှာဗခသာနိ'' ဟုကျယ်စွာကြွေး ကြော်တော်မူ၏။ ဆိုလိုသည့်အနက်ကား ``အကျွန်ုပ် ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ် ကိုစွန့်ပစ်တော်မူသနည်း'' ဟူ၏။