ရှင်မာကု 15:23-33 Common Language Bible (BCL)

23. သူ​တို့​သည်​မု​ရန်​နှင့်​ရော​စပ်​ထား​သော​စ​ပျစ် ရည်​ကို ကိုယ်​တော်​အား​တိုက်​ကြ​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည်​သောက်​တော်​မ​မူ။-

24. ထို​နောက်​သူ​တို့​သည်​ကိုယ်​တော်​ကို​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ကြ​၏။ အ​ဝတ်​တော်​များ​ကို မဲ​ချ​၍​ခွဲ​ဝေ​ယူ​ကြ​၏။-

25. ကိုယ်​တော်​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ် သည့်​အ​ချိန်​မှာ နံ​နက်​ကိုး​နာ​ရီ​ဖြစ်​၏။-

26. ကိုယ်​တော်​၏​ပြစ်​မှု​ကို​ကမ္ပည်း​ရေး​ထိုး​၍​လက်​ဝါး ကပ်​တိုင်​အ​ထက်​တွင်​တင်​ထား​သည်​ကား ``ယု​ဒ ရှင်​ဘု​ရင်'' ဟူ​၍​ဖြစ်​သ​တည်း။-

27. ကိုယ်​တော်​နှင့်​အ​တူ​ဋ္ဌား​ပြ​နှစ်​ယောက်​ကို​လက် ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက် တွင်​တစ်​ယောက်​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍ သတ်​ကြ​၏။-

28. (ဤ​သို့​လျှင် ``ရာ​ဇ​ဝတ်​မှု​ကူး​လွန်​သူ​များ​စာ ရင်း​တွင်​ကိုယ်​တော်​ပါ​ဝင်​၏'' ဟူ​သော​ကျမ်း​စ​ကား သည်​မှန်​၍​လာ​တော့​၏။)

29. လမ်း​သွား​လမ်း​လာ​သူ​တို့​သည်​ခေါင်း​ညိတ်​လျက် ``ဟဲ့​ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​၍​သုံး​ရက်​အ​တွင်း ပြန်​လည်​တည်​ဆောက်​မည့်​သူ၊-

30. လက်​ဝါး​ကပ်​တိုင်​ပေါ်​မှ​ဆင်း​ခဲ့​လော့။ သင့်​ကိုယ် ကို​သင်​ကယ်​တင်​လော့'' ဟု​ဆို​၍​ကိုယ်​တော်​ကို သ​ရော်​ကြ​၏။-

31. ထို​နည်း​တူ​စွာ​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ကျမ်း​တတ်​ဆ​ရာ​များ​သည်​ပြောင်​လှောင်​ကြ​၏။ ``ဤ​သူ​သည်​သူ​တစ်​ပါး​ကို​ကယ်​တင်​၏။ မိ​မိ ကိုယ်​ကို​မူ​မ​ကယ်​တင်​နိုင်​ပါ​တ​ကား။-

32. ဣသ​ရေ​လ​ရှင်​ဘု​ရင်၊ မေ​ရှိ​ယ​အ​ရှင်​သည် လက်​ဝါး​ကပ်​တိုင်​မှ​ယ​ခု​ဆင်း​ခဲ့​ပါ​စေ။ သို့ ဆင်း​သည်​ကို​မြင်​ရ​လျှင်​ငါ​တို့​ယုံ​ကြည် ပေ​အံ့'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​လျက် သ​ရော်​ကြ​၏။ကိုယ်​တော်​နှင့်​အ​တူ​လက်​ဝါး​ကပ်​တိုင်​တွင် အ​တင်​ခံ​ရ​သော​သူ​များ​က​လည်း ကိုယ်​တော် ကို​ပြက်​ရယ်​ပြု​ကြ​၏။

33. မွန်း​တည့်​ချိန်​မှ​စ​၍​မွန်း​လွဲ​သုံး​နာ​ရီ​တိုင် အောင် မြေ​တစ်​ပြင်​လုံး​တွင်​မှောင်​အ​တိ​ကျ လေ​၏။-

ရှင်မာကု 15