16. စစ်သားများသည်ကိုယ်တော်ကိုဘုရင်ခံမင်း ၏အိမ်တော်ဝင်းသို့ခေါ်ဆောင်သွားပြီးလျှင် တပ်ခွဲတစ်ခုလုံးကိုစုရုံးစေ၏။-
17. ထိုနောက်ကိုယ်တော်အားနီမောင်းသောအဝတ် ကိုဝတ်ဆင်စေ၍ ဆူးခက်ဖြင့်ရက်သောသရဖူ ကိုဆောင်းပေးပြီးနောက်၊-
18. ``ယုဒရှင်ဘုရင်သက်တော်ရှည်ပါစေသော'' ဟုပြက်ရယ်ပြုလျက်အရိုအသေပေးကြ၏။-
19. ဦးခေါင်းတော်ကိုကူလုံးနှင့်ရိုက်ကြ၏။ ကိုယ် တော်ကိုတံတွေးနှင့်ထွေးကြ၏။ ရှေ့တော်၌ ဒူးထောက်လျက်ဦးညွှတ်ရှိခိုးကြ၏။-
20. ဤသို့ပြောင်လှောင်ကြပြီးလျှင်နီမောင်းသော အဝတ်ကိုချွတ်၍ ကိုယ်တော်၏အဝတ်တော်ကို ပြန်ဝတ်ပေးကြ၏။ ထိုနောက်လက်ဝါးကပ်တိုင် တွင်တင်၍သတ်ရန်ကိုယ်တော်ကိုခေါ်ဆောင် သွားကြ၏။
21. ထိုအချိန်၌ (အာလေဇန္ဒြုနှင့်ရုဖုတို့၏အဖ၊ ကုရေနေပြည်သား) ရှိမုန်သည်ကျေးလက်တော ရွာဘက်မှလာ၏။ စစ်သားတို့သည်သူ့ကိုအတင်း အကြပ်ခေါ်၍ ကိုယ်တော်၏လက်ဝါးကပ်တိုင်ကို ထမ်းစေ၏။-
22. ထိုနောက်ကိုယ်တော်ကိုဂေါလဂေါသနာမည် တွင်သောအရပ်သို့ခေါ်ဆောင်သွားကြ၏။ ဂေါလဂေါသ၏အနက်ကားဦးခေါင်းခွံ အရပ်ဟူ၏။-