1. နံနက်စောစော၌ယဇ်ပုရောဟိတ်ကြီးတို့သည် ကျမ်းတတ်ဆရာများ၊ ဘာသာရေးခေါင်းဆောင် များနှင့်ယုဒတရားလွှတ်တော်အဖွဲ့ဝင်အပေါင်း တို့နှင့် အလျင်အမြန်တွေ့ဆုံ၍တိုင်ပင်ကြ၏။ ထိုနောက်သခင်ယေရှုကိုချည်နှောင်ကာ ပိလတ် မင်းထံသို့ခေါ်ဆောင်၍အပ်လိုက်ကြ၏။-
2. ပိလတ်မင်းက ``သင်သည်ယုဒရှင်ဘုရင်မှန် သလော'' ဟုကိုယ်တော်အားမေး၏။ကိုယ်တော်က ``မင်းကြီးမေးသည့်အတိုင်းမှန်၏'' ဟုမိန့်တော်မူ၏။
3. ယဇ်ပုရောဟိတ်ကြီးတို့သည်ကိုယ်တော်အပေါ် အပြစ်များစွာစွပ်စွဲကြ၏။-
4. သို့ဖြစ်၍တစ်ဖန်ပိလတ်မင်းကကိုယ်တော် အား ``သင်သည်မည်သို့မျှမဖြေဘဲနေပါ သလော။ သင့်အပေါ်မည်မျှအပြစ်တင်သည် ကိုကြည့်ပါ'' ဟုဆို၏။
5. သခင်ယေရှုသည်ဆိတ်ဆိတ်နေတော်မူသဖြင့် ပိလတ်မင်းသည်အံ့သြလေ၏။
6. ပိလတ်မင်းသည်ပသခါပွဲအခါကျတိုင်း ပြည်သူတို့တောင်းသည့်အကျဉ်းသမား တစ်ယောက်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး လေ့ရှိ၏။-
7. ထိုအချိန်၌ပုန်ကန်ထကြွမှုနှင့်လူသတ်မှု ဖြင့် အကျဉ်းခံနေရသူများရှိ၏။ ထိုသူတို့ အထဲတွင်ဗာရဗ္ဗဆိုသူတစ်ဦးလည်းပါ၏။-
42-43. ထိုနေ့ကား (ဥပုသ်နေ့အကြို) ပြင်ဆင်ရာအဖိတ် နေ့ဖြစ်၏။ ညနေချမ်းအချိန်ကျသောအခါ အရိမဿဲမြို့သားယောသပ်ရောက်ရှိလာ၏။ သူ သည်ဂုဏ်အသရေကြီးမြင့်သူ၊ တရားလွှတ်တော် အဖွဲ့ဝင်ဖြစ်၏။ ဘုရားသခင်၏နိုင်ငံတော်တည် မည့်အချိန်ကိုစောင့်မျှော်နေသူဖြစ်၏။ သူသည် အရဲတင်းစွာပိလတ်မင်းထံသို့ဝင်ပြီးလျှင် သခင်ယေရှု၏အလောင်းတော်ကိုတောင်းလေ၏။-