ရှင်မာကု 12:28-36 Common Language Bible (BCL)

28. ယင်း​သို့​သ​ခင်​ယေ​ရှု​နှင့်​ဇဒ္ဒု​ကဲ​တို့​အ​ခြေ​အ​တင် ပြော​ဆို​နေ​ကြ​စဉ် ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​သည် အ​နီး​အ​ပါး​၌​ရှိ​နေ​၏။ သူ​တို့​အား​သ​ခင်​ယေ​ရှု လျောက်​ပတ်​စွာ​ဖြေ​ကြား​တော်​မူ​သည်​ကို​ကြား သ​ဖြင့် ရှေ့​တော်​သို့​လာ​၍​ကိုယ်​တော်​အား ``ပ​ညတ် ရှိ​သ​မျှ​တို့​တွင်​အ​ဘယ်​ပ​ညတ်​သည်​အ​ကြီး​မြတ် ဆုံး​ဖြစ်​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။

29. သ​ခင်​ယေ​ရှု​က `အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ နား​ထောင်​ကြ​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဆူ​တည်း​သော​ဘုရား ဖြစ်​တော်​မူ​၏။-

30. သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း ရှိ​သ​မျှ​ဖြင့်​ချစ်​ရ​မည်' ဟူ​သော​ပ​ညတ်​သည် ပ​ထ​မ​အ​ကြီး​မြတ်​ဆုံး​ပ​ညတ်​ဖြစ်​၏။-

31. `အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်' ဟူ သော​ပ​ညတ်​သည်​ဒု​တိ​ယ​အ​ကြီး​မြတ်​ဆုံး ပ​ညတ်​ဖြစ်​၏။ ဤ​ပ​ညတ်​နှစ်​ပါး​ထက်​ပို​၍​ကြီး မြတ်​သော​ပ​ညတ်​ကား​မ​ရှိ'' ဟု​ဖြေ​ကြား​တော် မူ​၏။

32. ကျမ်း​တတ်​ဆ​ရာ​က ``ဆ​ရာ​တော်၊ အ​ရှင်​မိန့်​တော်​မူ ချက်​သည်​သင့်​မြတ်​လှ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဆူ​တည်း​သာ​ရှိ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​မှ တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ။-

33. ဘု​ရား​သ​ခင်​အား​စိတ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း​ရှိ သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ​ဖြင့်​ချစ်​ရ​မည်။ အိမ်​နီး ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်​ဟူ​သော​ပ​ညတ် နှစ်​ပါး​ကို​လိုက်​နာ​ခြင်း​သည် ဘု​ရား​သ​ခင်​အား ပူ​ဇော်​သည့်​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား​ယဇ်​အ​ပေါင်း တို့​ထက်​ပို​၍​မြတ်​ပါ​၏'' ဟု​ကိုယ်​တော်​အား လျှောက်​ထား​၏။

34. ထို​သူ​သည်​ဤ​သို့​အ​သိ​ပ​ညာ​နှင့်​လျှောက်​ထား သည့်​အ​တွက် သ​ခင်​ယေ​ရှု​က ``သင်​သည်​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​မ​ဝေး​တော့​ပြီ'' ဟု မိန့်​တော်​မူ​၏။ထို​နောက်​မည်​သူ​မျှ​ကိုယ်​တော်​အား​ထပ်​မံ​၍ မ​မေး​မ​လျှောက်​ဝံ့​ကြ။

35. သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​တွင်​ဟော​ပြော သွန်​သင်​လျက်​နေ​တော်​မူ​စဉ် ``မေ​ရှိ​ယ​သည် ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​သည်​ဟု​အ​ဘယ် ကြောင့်​ကျမ်း​တတ်​ဆ​ရာ​တို့​ဆို​ကြ​သ​နည်း။

36. `သင့်​ရန်​သူ​များ​ကို​သင်​၏​ခြေ​ဖ​ဝါး​အောက်​သို့ ငါ​ရောက်​စေ​မည်။သို့​မ​ရောက်​စေ​သေး​မီ​ကာ​လ​အ​တွင်း ငါ​၏​လက်​ယာ​ဘက်​တွင်​ထိုင်​နေ​လော့​ဟုထာ​ဝ​ရ​ဘု​ရား​က​ငါ့​အ​ရှင်​အား​မိန့်​တော်​မူ​၏'ဟု​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နှိုး​ဆော်​ချက် ဖြင့်​ဒါ​ဝိဒ်​မင်း​မြွက်​ဆို​ခဲ့​၏။

ရှင်မာကု 12