24. သခင်ယေရှုက ``သင်တို့သည်ကျမ်းစာတော်ကို နားမလည်ကြ။ ဘုရားသခင်၏တန်ခိုးတော် အကြောင်းကိုလည်းမသိကြ။ သို့ဖြစ်၍အယူ လွဲလျက်နေကြ၏။-
25. လူတို့သည်သေခြင်းမှထမြောက်ကြသောအခါ ထိမ်းမြားစုံဖက်ခြင်းကိုမပြုတော့ဘဲ ကောင်းကင် ဘုံရှိကောင်းကင်တမန်များကဲ့သို့ဖြစ်ကြလိမ့် မည်။-
26. သေလွန်သူတို့ထမြောက်ရှင်ပြန်ရကြောင်းကို ဖော်ပြသော မောရှေကျမ်းကိုမဖတ်ဖူးကြပါ သလော။ အဆိုပါကျမ်းတွင်မီးလျှံထွက်သည့် ချုံအကြောင်းဆိုင်ရာစာပိုဒ်၌ ဘုရားသခင် က `ငါသည်အာဗြဟံ၏ဘုရား၊ ဣဇာက်၏ ဘုရား၊ ယာကုပ်၏ဘုရားပေတည်း' ဟု မောရှေအားမိန့်တော်မူကြောင်းပါရှိ၏။-
27. ထိုအရှင်သည်သေလွန်သူတို့၏ဘုရားမဟုတ်။ အသက်ရှင်နေသူတို့၏ဘုရားဖြစ်တော်မူ၏။ သင်တို့သည်လွန်စွာမှအယူလွဲလျက်နေကြ လေပြီတကား'' ဟုမိန့်တော်မူ၏။
28. ယင်းသို့သခင်ယေရှုနှင့်ဇဒ္ဒုကဲတို့အခြေအတင် ပြောဆိုနေကြစဉ် ကျမ်းတတ်ဆရာတစ်ယောက်သည် အနီးအပါး၌ရှိနေ၏။ သူတို့အားသခင်ယေရှု လျောက်ပတ်စွာဖြေကြားတော်မူသည်ကိုကြား သဖြင့် ရှေ့တော်သို့လာ၍ကိုယ်တော်အား ``ပညတ် ရှိသမျှတို့တွင်အဘယ်ပညတ်သည်အကြီးမြတ် ဆုံးဖြစ်ပါသနည်း'' ဟုမေးလျှောက်ကြ၏။
29. သခင်ယေရှုက `အို ဣသရေလအမျိုးသားတို့၊ နားထောင်ကြလော့။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသောဘုရား ဖြစ်တော်မူ၏။-
30. သင်တို့၏ဘုရားသခင်ထာဝရဘုရားကို စိတ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ကိုယ်စွမ်း ရှိသမျှဖြင့်ချစ်ရမည်' ဟူသောပညတ်သည် ပထမအကြီးမြတ်ဆုံးပညတ်ဖြစ်၏။-
31. `အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ်ရမည်' ဟူ သောပညတ်သည်ဒုတိယအကြီးမြတ်ဆုံး ပညတ်ဖြစ်၏။ ဤပညတ်နှစ်ပါးထက်ပို၍ကြီး မြတ်သောပညတ်ကားမရှိ'' ဟုဖြေကြားတော် မူ၏။
32. ကျမ်းတတ်ဆရာက ``ဆရာတော်၊ အရှင်မိန့်တော်မူ ချက်သည်သင့်မြတ်လှပါ၏။ ထာဝရဘုရားသည် တစ်ဆူတည်းသာရှိတော်မူ၏။ ထာဝရဘုရားမှ တစ်ပါးအခြားဘုရားမရှိ။-
33. ဘုရားသခင်အားစိတ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိ သမျှ၊ ကိုယ်စွမ်းရှိသမျှဖြင့်ချစ်ရမည်။ အိမ်နီး ချင်းကိုကိုယ်နှင့်အမျှချစ်ရမည်ဟူသောပညတ် နှစ်ပါးကိုလိုက်နာခြင်းသည် ဘုရားသခင်အား ပူဇော်သည့်မီးရှို့ရာယဇ်နှင့်အခြားယဇ်အပေါင်း တို့ထက်ပို၍မြတ်ပါ၏'' ဟုကိုယ်တော်အား လျှောက်ထား၏။
34. ထိုသူသည်ဤသို့အသိပညာနှင့်လျှောက်ထား သည့်အတွက် သခင်ယေရှုက ``သင်သည်ဘုရား သခင်၏နိုင်ငံတော်နှင့်မဝေးတော့ပြီ'' ဟု မိန့်တော်မူ၏။ထိုနောက်မည်သူမျှကိုယ်တော်အားထပ်မံ၍ မမေးမလျှောက်ဝံ့ကြ။
35. သခင်ယေရှုသည်ဗိမာန်တော်တွင်ဟောပြော သွန်သင်လျက်နေတော်မူစဉ် ``မေရှိယသည် ဒါဝိဒ်၏သားမြေးဖြစ်သည်ဟုအဘယ် ကြောင့်ကျမ်းတတ်ဆရာတို့ဆိုကြသနည်း။