1. ထိုနောက်ကိုယ်တော်သည်သူတို့အား ပုံဥပမာ ဆောင်၍မိန့်ကြားတော်မူ၏။ ကိုယ်တော်က ``လူ တစ်ယောက်သည်စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍ ခြံဝင်းကာ၏။ စပျစ်သီးနယ်ရာကျင်းကိုတူး ၍မျှော်စင်ကိုဆောက်လုပ်၏။ ထိုနောက်သူသည် ဥယျာဉ်ကိုခြံသမားတို့အား သီးစားချ၍ နိုင်ငံရပ်ခြားသို့ထွက်သွား၏။-
2. အချိန်တန်သော်ကျွန်တစ်ယောက်ကိုခြံသမား များထံသို့စေလွှတ်၍ ဥယျာဉ်သီးခွန်ကိုတောင်း ခံစေ၏။-
3. ခြံသမားတို့သည်ထိုကျွန်ကိုဖမ်းဆီးရိုက်နှက် ပြီးလျှင် လက်ချည်းသက်သက်ပြန်လွှတ်လိုက်ကြ၏။-
4. ဥယျာဉ်ရှင်သည်အခြားကျွန်တစ်ယောက်ကိုတစ်ဖန် စေလွှတ်ပြန်၏။ ခြံသမားတို့သည်ထိုကျွန်၏ဦး ခေါင်းကိုရိုက်နှက်၍ အရှက်တကွဲအကျိုးနည်း အောင်ပြုကြ၏။-
5. ဥယျာဉ်ရှင်သည်အခြားကျွန်တစ်ယောက်ကို စေလွှတ်ပြန်သော် ခြံသမားတို့သည်သူ့ကို သတ်ကြ၏။ အခြားများစွာသောကျွန်တို့ကို လည်း ဤနည်းတူပင်ရိုက်သူကိုရိုက်၊ သတ်သူ ကိုသတ်ကြ၏။-
6. ဥယျာဉ်ရှင်မှာတစ်ဦးတည်းသောချစ်သားကို သာစေလွှတ်ရန်ကျန်တော့၏။ သို့ဖြစ်၍သူသည် `ငါ့သားကိုထိုသူတို့လေးစားကြရာ၏' ဟု ဆိုလျက်နောက်ဆုံးတွင်မိမိ၏သားကိုစေလွှတ် လိုက်၏။-
7. သို့ရာတွင်သူတို့က ``ဤသူသည်ဥယျာဉ်ရှင် ၏အမွေစားအမွေခံဖြစ်၏။ လာကြ။ သူ့ကို သတ်ကြကုန်အံ့။ သို့မှသာဥယျာဉ်ကိုငါတို့ ရရှိကြလိမ့်မည်'' ဟုအချင်းချင်းပြောလျက်၊-
8. သူ့ကိုဖမ်း၍သတ်ပြီးလျှင်ဥယျာဉ်အပြင် သို့ထုတ်ပစ်လိုက်ကြ၏။
9. ``ထိုအခါဥယျာဉ်ရှင်သည်အဘယ်သို့ပြုလိမ့် မည်နည်း။ သူသည်လာ၍ခြံသမားများကို သုတ်သင်ဖျက်ဆီးပြီးသော် စပျစ်ဥယျာဉ်ကို အခြားသူတို့အားပေးအပ်လိမ့်မည်။
10. `တိုက်တည်သူတို့ပယ်ထားသောကျောက်သည်အရေးအကြီးဆုံးသောထောင့်ချုပ်ကျောက် ဖြစ်လာရ၏။
11. ဤအမှုသည်ထာဝရဘုရားပြုတော်မူသော အမှုဖြစ်၏၊ငါတို့မျက်မှောက်တွင်အံ့သြဖွယ်ရာဖြစ်လေစွ'ဟူသောကျမ်းစကားကိုသင်တို့မဖတ်ဖူးကြ ပါသလော'' ဟုမိန့်တော်မူ၏။
12. ယုဒအမျိုးသားခေါင်းဆောင်တို့သည်မိမိတို့ ကိုရည်ဆောင်၍ ဤပုံဥပမာကိုမိန့်တော်မူ ကြောင်းသိသဖြင့် ကိုယ်တော်ကိုဖမ်းဆီးရန် ကြိုးစားကြ၏။ သို့ရာတွင်လူပရိသတ်ကို ကြောက်သောကြောင့်အထံတော်မှထွက်သွား ကြ၏။
13. ထိုနောက်သူတို့သည်ဖာရိရှဲအချို့နှင့် ဟေရုဒ် ပါတီဝင်အချို့တို့ကိုအထံတော်သို့စေလွှတ် ကြ၏။-
14. ထိုသူတို့သည်အထံတော်သို့လာ၍ ``ဆရာတော်၊ အရှင်သည်မှန်သောစကားကိုသာပြောတတ် ပါ၏။ လူတို့အဘယ်သို့ထင်မှတ်ကြသည်ကို အရေးမစိုက်။ လူ့မျက်နှာကိုမထောက်ဘဲဘုရား သခင်၏တရားလမ်းကိုဟုတ်မှန်သည့်အတိုင်း သွန်သင်တော်မူကြောင်းအကျွန်ုပ်တို့သိပါ၏။ ရောမဧကရာဇ်မင်းအားအခွန်ဆက်အပ်ပါ သလော၊ မဆက်အပ်ပါသလော။ အကျွန်ုပ်တို့ သည်အခွန်ဆက်ရမည်လော၊ မဆက်ရမည် လော'' ဟုပရိယာယ်ဆင်၍မေးလျှောက်ကြ၏။
15. ကိုယ်တော်သည်ထိုသူတို့၏ပရိယာယ်ကိုသိတော် မူသဖြင့် ``သင်တို့သည်ငါ့အားအဘယ်ကြောင့် အပြစ်ရှာလိုကြသနည်း။ ဒင်္ဂါးတစ်ပြားကိုငါ ကြည့်ဖို့ယူခဲ့ကြလော့'' ဟုမိန့်တော်မူ၏။
16. သူတို့ယူခဲ့ကြလျှင်ကိုယ်တော်က ``ဤရုပ်ပုံ၊ ဤကမ္ပည်းလိပ်စာသည်မည်သူ့ရုပ်ပုံ၊ မည်သူ့ ကမ္ပည်းလိပ်စာဖြစ်သနည်း'' ဟုမေးတော်မူ၏။သူတို့က ``ဧကရာဇ်မင်း၏ရုပ်ပုံ၊ ဧကရာဇ်မင်း၏ ကမ္ပည်းလိပ်စာဖြစ်ပါသည်'' ဟုပြန်၍လျှောက်ကြ၏။