ရှင်မာကု 11:21-24 Common Language Bible (BCL)

21. ပေ​တ​ရု​သည်​သ​တိ​ရ​၍ ``အ​ရှင်​ဘု​ရား၊ ကြည့် တော်​မူ​ပါ၊ အ​ရှင်​ဒဏ်​ခတ်​ခဲ့​သော​သင်္ဘော​သ​ဖန်း ပင်​သည် ညှိုး​နွမ်း​ခြောက်​သွေ့​သွား​ချေ​ပြီ'' ဟု လျှောက်​၏။

22. သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​အား​ယုံ​ကြည် ကိုး​စား​ကြ​လော့။-

23. အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား မိ​မိ စိတ်​နှ​လုံး​အ​တွင်း​တွင်​ယုံ​မှား​ခြင်း​မ​ရှိ​ဘဲ မိ​မိ ပြော​ဆို​သည်​အ​တိုင်း​ဖြစ်​လိမ့်​မည်​ဟု​ယုံ​ကြည်​သော သူ​သည် ဤ​တောင်​အား `ဤ​နေ​ရာ​မှ​ရွေ့​၍​ပင်​လယ် ထဲ​သို့​ဆင်း​သက်​လော့' ဟု​ဆို​လျှင်​ထို​သူ​ဆို​သည် အ​တိုင်း​ဖြစ်​လိမ့်​မည်။-

24. သို့​ဖြစ်​၍​သင်​တို့​အား​ငါ​ဆို​သည်​ကား သင်​တို့​သည် မိ​မိ​တို့​တောင်း​လျှောက်​သည့်​အ​ရာ​ကို​မု​ချ​ရ​မည် ဟု ယုံ​ကြည်​ကြ​လျှင်​တောင်း​လျှောက်​သ​မျှ​ကို ရ​ကြ​လိမ့်​မည်။-

ရှင်မာကု 11