1. ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရုရှလင်မြို့ အနီးသို့ချဉ်းကပ်မိ၍ ဗက်ဖာဂေနှင့်ဗေသနိ ရွာများအနီးရှိသံလွင်တောင်သို့ရောက်ကြ၏။-
2. ထိုအခါကိုယ်တော်သည်တပည့်တော်နှစ်ယောက် အား ``သင်တို့ရှေ့တွင်ရှိသောရွာသို့သွားကြလော့။ ရွာထဲသို့ဝင်လျှင် ဝင်ချင်းမည်သူမျှမစီးဘူး သေးသောမြည်းကလေးတစ်ကောင်ကိုတွေ့လိမ့် မည်။ ထိုမြည်းကိုကြိုးဖြင့်လံထား၏။-
3. ကြိုးဖြေ၍မြည်းကိုယူခဲ့ကြလော့။ အကယ်၍ လူတစ်စုံတစ်ယောက်ကသင်တို့အား အဘယ်ကြောင့် မြည်းကြိုးကိုဖြေသနည်းဟုမေးလျှင် ထိုမြည်း ကိုအကျွန်ုပ်တို့သခင်အလိုရှိပါသည်။ ချက်ချင်း ပြန်ပို့ပေးပါလိမ့်မည်ဟုပြောကြလော့'' ဟူ၍ မှာကြားစေလွှတ်တော်မူ၏။
4. ထိုတပည့်တော်နှစ်ယောက်တို့သည်သွား၍ မြည်း ကလေးတစ်ကောင်ကိုလမ်းတွင်အိမ်တစ်အိမ်၏ တံခါးအနီးမှာလံထားသည်ကိုတွေ့သဖြင့် မြည်းကြိုးကိုဖြေကြ၏။-
5. လမ်းမှာရပ်နေသူအချို့က ``မြည်းကြိုးကို အဘယ်ကြောင့်ဖြေကြသနည်း'' ဟုမေးကြ၏။
6. တပည့်တော်တို့ကသခင်ယေရှုမိန့်မှာတော်မူ သည့်အတိုင်းပြန်ပြောကြသောအခါ ထိုသူတို့ သည်မြည်းကြိုးကိုဖြေခွင့်ပြုကြ၏။-
7. တပည့်တော်တို့သည်မြည်းကလေးကိုသခင် ယေရှုထံတော်သို့ဆောင်ခဲ့ပြီးလျှင် မြည်းကျော ပေါ်မှာမိမိတို့၏ဝတ်လုံများကိုလွှမ်းတင်ကြ ၏။-
8. ထိုနောက်ကိုယ်တော်သည်မြည်းကိုစီးတော်မူ၏။ လူအများပင်မိမိတို့၏ဝတ်လုံများကိုလမ်း ပေါ်မှာဖြန့်ခင်းကြ၏။ အချို့သူများကမူကွင်း များမှခုတ်ယူခဲ့ကြသည့်သစ်ခက်သစ်ရွက်များ ကိုလမ်းမှာဖြန့်ခင်းကြ၏။-
9. ကိုယ်တော်၏ရှေ့တော်မှလည်းကောင်း၊ နောက်တော် မှလည်းကောင်း၊ လိုက်ပါကြသူလူအပေါင်းတို့ က ``ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူးကြ လော့။ ဘုရားသခင်၏နာမတော်နှင့်ကြွလာ သောအရှင်သည်မင်္ဂလာရှိစေသတည်း။-
10. တည်လတ္တံ့သောငါတို့အဖဒါဝိဒ်၏နိုင်ငံတော် သည်မင်္ဂလာရှိစေသတည်း။ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးကူးကြစေသတည်း'' ဟု ကြွေးကြော်ကြ၏။