7. ဤအကြောင်းကြောင့်ယောကျာ်းသည်ကိုယ့်မိဘကို စွန့်၍ မိမိဇနီးနှင့်ပေါင်းသင်းနေထိုင်လိမ့်မည်။-
8. ထိုသူနှစ်ဦးတို့သည်တစ်သားတစ်ကိုယ်တည်း ဖြစ်လာကြလိမ့်မည်။ သို့ဖြစ်၍သူတို့သည်နှစ် ဦးမဟုတ်၊ တစ်ဦးတည်းဖြစ်၏။-
9. ဘုရားသခင်စုံဖက်ပေးသည်ကိုလူမခွဲ မခွာစေနှင့်'' ဟုမိန့်တော်မူ၏။
10. တပည့်တော်တို့သည်အိမ်သို့ပြန်ရောက်ကြ သောအခါ ဤအကြောင်းအရာကိုထပ်မံ၍ ကိုယ်တော်အားမေးလျှောက်ကြ၏။-
11. ကိုယ်တော်က ``မိမိဇနီးကိုကွာ၍အခြား အမျိုးသမီးတစ်ယောက်နှင့်အိမ်ထောင်ပြု သူသည် မိမိဇနီး၏အိမ်ရာကိုပြစ်မှား၏။-
12. ထိုမှတစ်ပါးမိမိခင်ပွန်းကိုကွာ၍ အခြား အမျိုးသားတစ်ယောက်နှင့်အိမ်ထောင်ပြုသော အမျိုးသမီးသည်လည်း မိမိခင်ပွန်း၏အိမ်ရာ ကိုပြစ်မှား၏'' ဟုမိန့်တော်မူ၏။
13. လူအချို့တို့သည်ကလေးသူငယ်များအပေါ် လက်တော်တင်၍ကောင်းချီးပေးတော်မူစေရန် အထံတော်သို့ခေါ်ခဲ့ကြ၏။ သို့ရာတွင်တပည့် တော်တို့သည်ထိုသူတို့ကိုအပြစ်တင်ကြ၏။-
14. သခင်ယေရှုသည်ထိုအခြင်းအရာကိုမြင်တော် မူလျှင် အမျက်ထွက်တော်မူ၍ ``ကလေးသူငယ်တို့ ကိုငါ့ထံသို့လာကြပါစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည်ထိုသို့သော သူတို့၏နိုင်ငံဖြစ်၏။-