ရှင်မာကု 10:50-52 Common Language Bible (BCL)

50. ထို​သူ​သည်​မိ​မိ​၏​ခြုံ​ထည်​ကို​ဘေး​သို့​ပစ်​ချ လိုက်​ပြီး​နောက် ခုန်​၍​ထ​ကာ​သ​ခင်​ယေ​ရှု​ထံ တော်​သို့​လာ​လေ​၏။

51. သ​ခင်​ယေ​ရှု​က ``သင့်​အ​တွက်​အ​ဘယ်​အ​ရာ ကို​ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။မျက်​မ​မြင်​က ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​အား မျက်​စိ​ပြန်​၍​မြင်​စေ​တော်​မူ​ပါ'' ဟု​လျှောက် ၏။

52. သ​ခင်​ယေ​ရှု​က ``သွား​လော့။ သင်​၏​ယုံ​ကြည် ခြင်း​သည်​သင့်​ရော​ဂါ​ကို​ပျောက်​စေ​ပြီ'' ဟု မိန့်​တော်​မူ​၏။ချက်​ချင်း​ပင်​ထို​သူ​သည်​မျက်​စိ​မြင်​၍ ကိုယ်​တော် ကြွ​တော်​မူ​ရာ​လမ်း​တွင်​နောက်​တော်​က​လိုက်​လေ သည်။

ရှင်မာကု 10