33. ကိုယ်တော်က ``နားထောင်ကြလော့။ ငါတို့သည် ယေရုရှလင်မြို့သို့ခရီးပြုလျက်ရှိကြ၏။ ယေရုရှလင်မြို့တွင်လူသားအား ယဇ်ပုရော ဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာများ၏ လက်သို့အပ်နှံကြလိမ့်မည်။ သူတို့သည်လူ သားအားသေဒဏ်စီရင်၍ လူမျိုးခြားတို့၏ လက်သို့အပ်နှံကြလိမ့်မည်။-
34. လူမျိုးခြားတို့သည်လူသားအားပြောင်လှောင်၍ တံတွေးနှင့်ထွေးကြလိမ့်မည်။ ကြိမ်ဒဏ်ပေး၍ အသေသတ်ကြလိမ့်မည်။ သို့ရာတွင်သုံးရက် ကြာသောအခါလူသားသည် သေခြင်းမှ ထမြောက်တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
35. ဇေဗေဒဲ၏သားများဖြစ်ကြသော ယာကုပ်နှင့် ယောဟန်တို့သည်အထံတော်သို့ချဉ်းကပ်၍ ``အရှင်ဘုရား၊ အကျွန်ုပ်တို့၏ပန်ကြားချက် ကိုခွင့်ပြုတော်မူပါ'' ဟုလျှောက်ထားကြ၏။
36. ကိုယ်တော်က ``သင်တို့အတွက်အဘယ်အရာ ကိုပြုစေလိုသနည်း'' ဟုမေးတော်မူ၏။
37. သူတို့က ``အရှင်ဘုန်းတန်ခိုးနှင့်စိုးစံရသော အခါ အကျွန်ုပ်တို့အားအရှင်၏လက်ယာရံ၊ လက်ဝဲရံအဖြစ်ခန့်ထားတော်မူပါ'' ဟု လျှောက်ထားကြ၏။
38. သခင်ယေရှုက ``သင်တို့ပန်ကြားနေသည့်အရာ ကို သင်တို့မသိကြ။ ငါသောက်ရမည့်ဒုက္ခဝေဒနာ ခွက်ကိုသောက်ရန်နှင့် ငါခံရမည့်ဗတ္တိဇံကိုခံရန် သင်တို့တတ်စွမ်းနိုင်ကြသလော'' ဟုမိန့်တော်မူ၏။
39. သူတို့က ``အကျွန်ုပ်တို့တတ်စွမ်းနိုင်ပါသည်'' ဟု လျှောက်ထားကြ၏။သခင်ယေရှုက ``သင်တို့သည်ငါသောက်ရမည့် ခွက်ကိုသောက်ရကြလိမ့်မည်။ ငါခံရမည့်ဗတ္တိဇံ ကိုလည်းခံရကြလိမ့်မည်။-
40. သို့ရာတွင်ငါ၏လက်ယာရံ၊ လက်ဝဲရံအဖြစ် ကိုမူ ငါသည်မပေးပိုင်။ ဤအခွင့်အရေးများ သည်ဘုရားသခင်စီမံပြင်ဆင်ထားသူများ အတွက်သာဖြစ်၏'' ဟုမိန့်တော်မူ၏။
41. ဤအကြောင်းအရာကိုအခြားတပည့်တော် ဆယ်ဦးတို့ကြားသိကြသောအခါ ယာကုပ် နှင့်ယောဟန်တို့ကိုစိတ်ဆိုးကြ၏။-
42. ထိုအခါသခင်ယေရှုသည်တပည့်တော်တို့ ကိုခေါ်တော်မူလျက် ``မင်းစိုးရာဇာတို့သည် ပြည်သူတို့အပေါ်ဝယ်အစိုးတရပြုတတ် ကြ၏။ အကြီးအကဲတို့သည်အာဏာကို သုံးတတ်ကြသည်။-
43. သင်တို့အချင်းချင်းတွင်မူကားထိုသို့မဖြစ် သင့်။ သင်တို့အနက်အကြီးအကဲဖြစ်လိုသူ သည် သူတစ်ပါးတို့၏အစေကိုခံရမည်။-