36. ရှိမုန်နှင့်အပေါင်းဖော်များသည်ကိုယ်တော်ကို လိုက်ရှာကြ၏။-
37. တွေ့သောအခါ ``ကိုယ်တော်ကိုလူအပေါင်းတို့ ရှာနေကြပါသည်'' ဟုလျှောက်ကြ၏။
38. ကိုယ်တော်က ``အနီးအနားရှိရွာများသို့သွားကြ ကုန်စို့။ ထိုရွာများတွင်လည်းငါတရားဟောရမည်။ ထို့ကြောင့်ငါကြွလာခဲ့ခြင်းဖြစ်သည်'' ဟုတပည့် တော်တို့အားမိန့်တော်မူ၏။
39. ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး လှည့်လည်တော်မူ၍ တရားဇရပ်များတွင်တရား ဟောတော်မူ၏။ ထို့အပြင်နတ်မိစ္ဆာများကိုနှင် ထုတ်တော်မူ၏။
40. အရေပြားရောဂါစွဲကပ်သူလူတစ်ယောက်သည် ကိုယ်တော်၏ရှေ့မှောက်သို့လာရောက်ဒူးထောက် ၍ ``အရှင်အလိုတော်ရှိလျှင် အကျွန်ုပ်ကိုရောဂါ မှသန့်စင်စေနိုင်ပါသည်'' ဟုလျှောက်ထား တောင်းပန်၏။