ရှင်မာကု 1:13-23 Common Language Bible (BCL)

13. တော​ကန္တာ​ရ​တွင်​စာ​တန်​သည်​ကိုယ်​တော်​အား အ​ရက် လေး​ဆယ်​ပတ်​လုံး​စုံ​စမ်း​သွေး​ဆောင်​လေ​သည်။ ထို အ​ရပ်​တွင်​တော​တိ​ရစ္ဆာန်​များ​လည်း​ရှိ​၏။ သို့​ရာ တွင်​ကောင်း​ကင်​တ​မန်​တို့​သည်​လာ​၍ ကိုယ်​တော် ကို​လုပ်​ကျွေး​ကြ​၏။

14-15. ယော​ဟန်​အ​ကျဉ်း​ခံ​ရ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်​သို့​ကြွ​လာ​၍ ``ချိန်း​ချက်​တော်​မူ​ရာ အ​ချိန်​ကျ​ပြီ။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည် လု​နီး​ပြီ။ နောင်​တ​ရ​၍​သ​တင်း​ကောင်း​ကို​ခံ​ယူ ယုံ​ကြည်​ကြ​လော့'' ဟု​ဘု​ရား​သ​ခင်​ထံ​မှ သ​တင်း​ကောင်း​ကို​ဟော​ပြော​တော်​မူ​၏။

16. ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ကမ်း​ခြေ​တွင်​လျှောက်​သွား တော်​မူ​စဉ် ရှိ​မုန်​နှင့်​ညီ​အန္ဒြေ​ကို​မြင်​တော်​မူ​၏။ သူ​တို့ သည်​တံ​ငါ​သည်​များ​ဖြစ်​သည်​အ​လျောက် အိုင်​ထဲ တွင်​ကွန်​ပစ်​နေ​ကြ​သ​တည်း။-

17. သ​ခင်​ယေ​ရှု​က ``လာ​ကြ။ ငါ့​နောက်​သို့​လိုက်​ကြ။ သင်​တို့​ကို​လူ​ဖမ်း​တံ​ငါ​များ​ဖြစ်​စေ​မည်'' ဟု ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။-

18. ထို​သူ​တို့​သည်​ချက်​ချင်း မိ​မိ​တို့​၏​ပိုက်​ကွန်​များ ကို​စွန့်​ပစ်​၍​နောက်​တော်​သို့​လိုက်​ကြ​၏။

19. ကိုယ်​တော်​သည်​ဆက်​လက်​၍​အ​နည်း​ငယ်​လျှောက် သွား​သော​အ​ခါ ဇေ​ဗေ​ဒဲ​၏​သား​များ​ဖြစ်​ကြ သော​ယာ​ကုပ်​နှင့်​ညီ​ယော​ဟန်​ကို​မြင်​တော်​မူ​၏။ သူ​တို့​သည်​လှေ​ထဲ​တွင်​ပိုက်​ကွန်​များ​ကို​အ​သင့် ပြင်​လျက်​နေ​ကြ​၏။-

20. ကိုယ်​တော်​သည်​သူ​တို့​ကို​မြင်​လျှင်​ချက်​ချင်း​ခေါ်​ယူ တော်​မူ​သ​ဖြင့် သူ​တို့​သည်​ဖ​ခင်​ဇေ​ဗေ​ဒဲ​ကို​လူ ငှား​များ​နှင့်​လှေ​ထဲ​တွင်​ထား​ခဲ့​၍​နောက်​တော်​သို့ လိုက်​ကြ​၏။

21. ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် က​ပေ​ရ​နောင်​မြို့​သို့ ရောက်​လာ​ကြ​၏။ ဥ​ပုသ်​နေ့​၌​သ​ခင်​ယေ​ရှု​သည် တ​ရား​ဇ​ရပ်​သို့​ဝင်​၍​ဟော​ပြော​သွန်​သင်​တော်​မူ​၏။-

22. ကိုယ်​တော်​သည်​ကျမ်း​တတ်​ဆ​ရာ​တို့​သွန်​သင်​သ​ကဲ့​သို့ မ​ဟုတ်​ဘဲ အာ​ဏာ​ရှိ​သူ​ကဲ့​သို့​သွန်​သင်​တော်​မူ​၏။ သို့ ဖြစ်​၍​လူ​တို့​သည်​ကိုယ်​တော်​၏​သွန်​သင်​ပုံ​ကို​အံ့​သြ ကြ​၏။

23. ထို​အ​ချိန်​၌​တ​ရား​ဇ​ရပ်​ထဲ​တွင် ညစ်​ညမ်း​သော​နတ် ပူး​ဝင်​နေ​သူ​တစ်​ဦး​ရှိ​၏။-

ရှင်မာကု 1