ရော​မ 9:8-29 Common Language Bible (BCL)

8. တစ်​နည်း​ကား​သာ​မန်​အား​ဖြင့်​မွေး​ဖွား​သော အာ​ဗြ​ဟံ​၏​သား​မြေး​များ​သည် ဘု​ရား​သ​ခင် ၏​သား​သ​မီး​များ​မ​ဟုတ်။ ကိုယ်​တော်​က​တိ​တော် အ​တိုင်း​မွေး​ဖွား​လာ​သူ​များ​ကို​သာ​လျှင် အာ​ဗြ​ဟံ​၏​သား​မြေး​အ​စစ်​အ​မှန်​များ ဟု​ခေါ်​နိုင်​ပေ​သည်။-

9. ဘု​ရား​သ​ခင်​က``အ​ချိန်​တန်​သော​အ​ခါ​ငါ​လာ ခဲ့​မည်။ စာ​ရာ​သည်​သား​ယောကျာ်း​ကို​ဖွား​မြင် လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ​အား​က​တိ​ထား​တော် မူ​သ​တည်း။

10. ထို့​အ​ပြင်​ရေ​ဗက္က​၏​သား​နှစ်​ယောက်​တို့​သည် ငါ တို့​ဘိုး​ဘေး​ဣ​ဇာက်​နှင့်​ရ​သော​သား​များ​ဖြစ် ကြ​၏။-

13. ကျမ်း​စာ​တော်​တွင်``ယာကုပ်​ကို​ငါ​ချစ်​၏။ ဧ​သော​ကို​မုန်း​၏'' ဟု​လာ​သ​တည်း။

14. သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​တ​ရား​မျှ​တ​မှု မ​ရှိ​ဟု​ဆို​ရ​မည်​လော။ အ​ဘယ်​နည်း​နှင့်​မျှ မ​ဆို​နိုင်။-

15. ကိုယ်​တော်​က​မော​ရှေ​အား``ငါ​ကျေး​ဇူး​ပြု​လို သူ​ကို​ကျေး​ဇူး​ပြု​မည်။ သ​နား​လို​သူ​ကို သ​နား​မည်'' ဟု​မိန့်​တော်​မူ​၏။-

16. ထို့​ကြောင့်​ဘု​ရား​သ​ခင်​၏​ရွေး​ချယ်​မှု​သည် လူ​၏​အ​လို​ဆန္ဒ​သို့​မ​ဟုတ်​လူ​၏​ကြိုး​စား အား​ထုတ်​မှု​အ​ပေါ်​တွင်​မ​တည်။ ကိုယ်​တော် ၏​က​ရု​ဏာ​တော်​အ​ပေါ်​၌​သာ​တည်​ပေ​သည်။-

17. ကိုယ်​တော်​က​ဖာ​ရော​ဘု​ရင်​အား``သင့်​ကို​ဘု​ရင် အ​ဖြစ်​ငါ​ချီး​မြှောက်​ရ​ခြင်း​အ​ကြောင်း​မှာ သင့် အား​ဖြင့်​ငါ​၏​တန်​ခိုး​တော်​ကို​ပြ​၍​ကမ္ဘာ​တစ် ဝန်း​တွင်​ငါ​၏​ဂုဏ်​သ​တင်း​ပျံ့​နှံ့​စေ​ရန်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​ကြောင်း​ကျမ်း​စာ​တော်​က ဆို​သည်။-

18. သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​သ​နား​လို​သူ​ကို သ​နား​တော်​မူ​၍ မိ​မိ​ခေါင်း​မာ​စေ​လို​သူ​ကို ခေါင်း​မာ​စေ​တော်​မူ​၏။

19. ``ထို​သို့​ဖြစ်​ပါ​မူ​ဘု​ရား​သ​ခင်​သည်​လူ​တို့ ကို​အ​ဘယ်​သို့​လျှင်​အ​ပြစ်​တင်​နိုင်​ပါ​မည်​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​၏​အ​လို​တော်​ကို ဆန့်​ကျင်​ဘက်​ပြု​နိုင်​ပါ​မည်​နည်း'' ဟူ​၍​မေး မြန်း​လို​သူ​ရှိ​လိမ့်​မည်။-

20. မိတ်​ဆွေ၊ သင်​သည်​အ​ဘယ်​သူ​ဖြစ်​၍​ဘု​ရား သ​ခင်​အား​ဤ​သို့​လျှောက်​ထား​နိုင်​သ​နည်း။ အ​ဖန်​ဆင်း​ခံ​က​ဖန်​ဆင်း​တော်​မူ​ရှင်​အား``အ​ရှင် သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား​ဤ​သို့ ဖန်​ဆင်း​တော်​မူ​ပါ​သ​နည်း'' ဟု​မေး​နိုင်​မည် လော။-

21. အိုး​ထိန်း​သည်​၌​ရွှံ့​စေး​ကို​မိ​မိ​အ​လို​ဆန္ဒ အ​တိုင်း​ပြု​လုပ်​ပိုင်​ခွင့်​ရှိ​သည်​မ​ဟုတ်​လော။ သူ​သည်​ရွှံ့​တုံး​တစ်​ခု​တည်း​မှ​အိုး​ကောင်း အိုး​ညံ့​ကို​ပြု​လုပ်​ပိုင်​သည်​မ​ဟုတ်​လော။

22. ဘု​ရား​သ​ခင်​သည်​လည်း​ဤ​နည်း​အ​တိုင်း​ပင်​ပြု တော်​မူ​သည်။ ကိုယ်​တော်​သည်​အ​မျက်​တော်​ကို​ပြ ရန်​နှင့် တန်​ခိုး​တော်​ကို​ထင်​ရှား​စေ​ရန်​အ​လို​ရှိ တော်​မူ​၏။ သို့​ရာ​တွင်​အ​မျက်​တော်​သင့်​၍​ပျက်​စီး ဆုံး​ရှုံး​ထိုက်​သူ​တို့​အား​အ​လွန်​သည်း​ခံ​တော် မူ​၏။-

23. ထို့​အ​ပြင်​ကိုယ်​တော်​သည်​မိ​မိ​က​ရု​ဏာ​ထား တော်​မူ​သော​ငါ​တို့​အား မိ​မိ​၏​ကြွယ်​ဝ​သော ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​စေ​ရန်​လည်း အ​လို​ရှိ​တော်​မူ​၏။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ တော်​ကို​ခံ​စား​ခွင့်​ရ​စေ​ရန်​ကိုယ်​တော်​ပြင်​ဆင် ထား​သူ​များ​ဖြစ်​ကြ​သော ငါ​တို့​အား​ထို ကြွယ်​ဝ​သော​ဘုန်း​အ​သ​ရေ​ကို​ခံ​စား​စေ တော်​မူ​၏။-

24. ငါ​တို့​သည်​ကိုယ်​တော်​ခေါ်​ယူ​တော်​မူ​သော သူ​များ​ဖြစ်​ကြ​၏။ ကိုယ်​တော်​သည်​ငါ​တို့​ကို ခေါ်​ယူ​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​များ​အ​ထဲ မှ​သာ​မ​က လူ​မျိုး​ခြား​များ​အ​ထဲ​မှ လည်း​ခေါ်​ယူ​တော်​မူ​သ​တည်း။

25. ဟော​ရှေ​ကျမ်း​တွင်​ကိုယ်​တော်​ကငါ​၏​လူ​စု​တော်​မ​ဟုတ်​သူ​တို့​ကို `ငါ​၏​လူ​စု​တော်' ဟု​ငါ​ခေါ်​မည်။ငါ​မ​ချစ်​သော​လူ​မျိုး​ကို​ငါ​ချစ်​သော​လူ​မျိုး ဟု​ငါ​ခေါ်​မည်။

26. မည်​သည့်​အ​ရပ်​၌​မ​ဆို​သင်​တို့​သည် `ငါ​၏ လူ​စု​တော်​မ​ဟုတ်' ဟု​အ​ခေါ်​ခံ​ရ​သော​သူ​တို့​သည်`အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ သား​များ' ဟု​အ​ခေါ်​ခံ​ရ​ကြ​လိမ့်​မည်''ဟူ​၍​မိန့်​တော်​မူ​ပေ​သည်။-

27. ဣသ​ရေ​လ​လူ​မျိုး​နှင့်​ပတ်​သက်​၍​ဟေ​ရှာ​ယ က ``ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပင်​လယ် ကမ်း​ခြေ​ရှိ​သဲ​လုံး​နှင့်​အ​မျှ​များ​ပြား​စေ​ကာ မူ သူ​တို့​အ​ထဲ​မှ​လူ​နည်း​စု​သာ​လျှင်​ကယ်​တင် ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။-

28. အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​ရှင်​သည်​ကမ္ဘာ ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​ကို​မ​ဆိုင်း​မ​တွ​ဘဲ အ​လျင်​အ​မြန်​တ​ရား​စီ​ရင်​တော်​မူ​မည်​ဖြစ် သော​ကြောင့်​တည်း'' ဟု​ကြွေး​ကြော်​ခဲ့​၏။-

29. ထို့​အ​ပြင် ``အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​ငါ​တို့​လူ​မျိုး​မ​ပျောက်​ကွယ်​သွား​စေ​ရန် ငါ​တို့​သား​မြေး​အ​ချို့​တို့​ကို​ချမ်း​သာ​ပေး တော်​မ​မူ​ခဲ့​လျှင် ငါ​တို့​သည်​သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​တို့​၏​ကံ​ကြမ္မာ​နှင့်​တွေ့​ကြုံ ကြ​လိမ့်​မည်'' ဟု​ယ​ခင်​က​ဟေ​ရှာ​ယ​ဖော်​ပြ ခဲ့​သည့်​အ​တိုင်း​ပင်​ဖြစ်​ပေ​သည်။

ရော​မ 9