ရော​မ 9:7-14 Common Language Bible (BCL)

7. ထို့​အ​ပြင်​အာ​ဗြ​ဟံ​မှ​ဆင်း​သက်​လာ​သူ​အား လုံး​တို့​သည်​အာ​ဗြ​ဟံ​၏​သား​မြေး​အ​စစ် မ​ဟုတ်​ပေ။ ဘု​ရား​သ​ခင်​က``သင်​သည်​ဣဇက် အား​ဖြင့်​သာ​လျှင်​သား​မြေး​များ​ရ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ​၏။-

8. တစ်​နည်း​ကား​သာ​မန်​အား​ဖြင့်​မွေး​ဖွား​သော အာ​ဗြ​ဟံ​၏​သား​မြေး​များ​သည် ဘု​ရား​သ​ခင် ၏​သား​သ​မီး​များ​မ​ဟုတ်။ ကိုယ်​တော်​က​တိ​တော် အ​တိုင်း​မွေး​ဖွား​လာ​သူ​များ​ကို​သာ​လျှင် အာ​ဗြ​ဟံ​၏​သား​မြေး​အ​စစ်​အ​မှန်​များ ဟု​ခေါ်​နိုင်​ပေ​သည်။-

9. ဘု​ရား​သ​ခင်​က``အ​ချိန်​တန်​သော​အ​ခါ​ငါ​လာ ခဲ့​မည်။ စာ​ရာ​သည်​သား​ယောကျာ်း​ကို​ဖွား​မြင် လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ​အား​က​တိ​ထား​တော် မူ​သ​တည်း။

10. ထို့​အ​ပြင်​ရေ​ဗက္က​၏​သား​နှစ်​ယောက်​တို့​သည် ငါ တို့​ဘိုး​ဘေး​ဣ​ဇာက်​နှင့်​ရ​သော​သား​များ​ဖြစ် ကြ​၏။-

13. ကျမ်း​စာ​တော်​တွင်``ယာကုပ်​ကို​ငါ​ချစ်​၏။ ဧ​သော​ကို​မုန်း​၏'' ဟု​လာ​သ​တည်း။

14. သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​တ​ရား​မျှ​တ​မှု မ​ရှိ​ဟု​ဆို​ရ​မည်​လော။ အ​ဘယ်​နည်း​နှင့်​မျှ မ​ဆို​နိုင်။-

ရော​မ 9