ရော​မ 9:5-10 Common Language Bible (BCL)

5. သူ​တို့​သည်​ဟေ​ဗြဲ​အ​မျိုး​သား​ဘိုး​ဘေး များ​မှ​ဆင်း​သက်​လာ​သူ​များ​တည်း။ ခ​ရစ် တော်​သည်​လူ့​ဇာ​တိ​အား​ဖြင့်​ထို​သူ​တို့​၏ အ​မျိုး​အ​နွယ်​ပင်​ဖြစ်​ပေ​သည်။ ခပ်​သိမ်း​သော အ​ရာ​တို့​ကို​အ​စိုး​ရ​တော်​မူ​သော​ဘု​ရား သ​ခင်​သည်​ထာ​ဝ​စဉ်​မင်္ဂလာ​ရှိ​တော်​မူ​ပါ စေ​သ​တည်း။ အာ​မင်။

6. ဘု​ရား​သ​ခင်​၏​က​တိ​တော်​အ​တိုင်း​အ​ကောင် အ​ထည်​မ​ပေါ်​ဟု​ငါ​မ​ဆို​လို။ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​တွင် ဣသ​ရေ​လ​အ​မျိုး​သား​အား​လုံး​မ​ပါ​ဝင် သော​ကြောင့်​ဖြစ်​၏။-

7. ထို့​အ​ပြင်​အာ​ဗြ​ဟံ​မှ​ဆင်း​သက်​လာ​သူ​အား လုံး​တို့​သည်​အာ​ဗြ​ဟံ​၏​သား​မြေး​အ​စစ် မ​ဟုတ်​ပေ။ ဘု​ရား​သ​ခင်​က``သင်​သည်​ဣဇက် အား​ဖြင့်​သာ​လျှင်​သား​မြေး​များ​ရ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ​၏။-

8. တစ်​နည်း​ကား​သာ​မန်​အား​ဖြင့်​မွေး​ဖွား​သော အာ​ဗြ​ဟံ​၏​သား​မြေး​များ​သည် ဘု​ရား​သ​ခင် ၏​သား​သ​မီး​များ​မ​ဟုတ်။ ကိုယ်​တော်​က​တိ​တော် အ​တိုင်း​မွေး​ဖွား​လာ​သူ​များ​ကို​သာ​လျှင် အာ​ဗြ​ဟံ​၏​သား​မြေး​အ​စစ်​အ​မှန်​များ ဟု​ခေါ်​နိုင်​ပေ​သည်။-

9. ဘု​ရား​သ​ခင်​က``အ​ချိန်​တန်​သော​အ​ခါ​ငါ​လာ ခဲ့​မည်။ စာ​ရာ​သည်​သား​ယောကျာ်း​ကို​ဖွား​မြင် လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ​အား​က​တိ​ထား​တော် မူ​သ​တည်း။

10. ထို့​အ​ပြင်​ရေ​ဗက္က​၏​သား​နှစ်​ယောက်​တို့​သည် ငါ တို့​ဘိုး​ဘေး​ဣ​ဇာက်​နှင့်​ရ​သော​သား​များ​ဖြစ် ကြ​၏။-

ရော​မ 9