13. ကျမ်းစာတော်တွင်``ယာကုပ်ကိုငါချစ်၏။ ဧသောကိုမုန်း၏'' ဟုလာသတည်း။
14. သို့ဖြစ်၍ဘုရားသခင်သည်တရားမျှတမှု မရှိဟုဆိုရမည်လော။ အဘယ်နည်းနှင့်မျှ မဆိုနိုင်။-
15. ကိုယ်တော်ကမောရှေအား``ငါကျေးဇူးပြုလို သူကိုကျေးဇူးပြုမည်။ သနားလိုသူကို သနားမည်'' ဟုမိန့်တော်မူ၏။-
16. ထို့ကြောင့်ဘုရားသခင်၏ရွေးချယ်မှုသည် လူ၏အလိုဆန္ဒသို့မဟုတ်လူ၏ကြိုးစား အားထုတ်မှုအပေါ်တွင်မတည်။ ကိုယ်တော် ၏ကရုဏာတော်အပေါ်၌သာတည်ပေသည်။-
17. ကိုယ်တော်ကဖာရောဘုရင်အား``သင့်ကိုဘုရင် အဖြစ်ငါချီးမြှောက်ရခြင်းအကြောင်းမှာ သင့် အားဖြင့်ငါ၏တန်ခိုးတော်ကိုပြ၍ကမ္ဘာတစ် ဝန်းတွင်ငါ၏ဂုဏ်သတင်းပျံ့နှံ့စေရန်ဖြစ်၏'' ဟုမိန့်တော်မူကြောင်းကျမ်းစာတော်က ဆိုသည်။-
18. သို့ဖြစ်၍ကိုယ်တော်သည်မိမိသနားလိုသူကို သနားတော်မူ၍ မိမိခေါင်းမာစေလိုသူကို ခေါင်းမာစေတော်မူ၏။
19. ``ထိုသို့ဖြစ်ပါမူဘုရားသခင်သည်လူတို့ ကိုအဘယ်သို့လျှင်အပြစ်တင်နိုင်ပါမည်နည်း။ အဘယ်သူသည်ကိုယ်တော်၏အလိုတော်ကို ဆန့်ကျင်ဘက်ပြုနိုင်ပါမည်နည်း'' ဟူ၍မေး မြန်းလိုသူရှိလိမ့်မည်။-