ရော​မ 6:6-18 Common Language Bible (BCL)

6. ငါ​တို့​၏​ဇာ​တိ​စိတ်​ဟောင်း​ကို​ခရစ်​တော်​နှင့် အ​တူ လက်​ဝါး​ကပ်​တိုင်​တွင်​အ​သေ​သတ်​ခြင်း ခံ​စေ​ခဲ့​၏။ ဤ​သို့​အ​သေ​သတ်​ခြင်း​ခံ​စေ​ရ ခြင်း​မှာ​အ​ပြစ်​နှင့်​ပြည့်​ဝ​သည့်​ဇာ​တိ​စိတ် ကို​ဖျက်​ဆီး​ခြင်း​အား​ဖြင့် ငါ​တို့​သည်​အ​ပြစ် ၏​ကျွန်​ဘ​ဝ​မှ​လွတ်​မြောက်​ကြ​စေ​ရန်​ပင် ဖြစ်​ကြောင်း​ငါ​တို့​သိ​ကြ​၏။-

7. ခ​ရစ်​တော်​နှင့်​အ​တူ​သေ​သော​သူ​သည်​အ​ပြစ် တ​ရား​၏​လက်​အောက်​ခံ​မ​ဟုတ်​တော့​ပေ။-

8. ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​တူ​သေ​ကြ​ပြီ ဖြစ်​၍​ကိုယ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​ရ ကြ​မည်​ကို​ယုံ​ကြည်​ကြ​၏။-

9. ခ​ရစ်​တော်​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​သ​ဖြင့် နောင်​အ​စဉ်​သေ​ခြင်း​တ​ရား​နှင့် ကင်း​လွတ်​တော်​မူ​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။ သေ​ခြင်း​တ​ရား​သည်​ကိုယ်​တော်​ကို​အ​စိုး​မ​ရ တော့​ပေ။-

10. သို့​ဖြစ်​၍​ကိုယ်​တော်​အ​သေ​ခံ​တော်​မူ​သော ကြောင့်​အ​ပြစ်​တ​ရား​သည်​ကိုယ်​တော်​ကို​အ​စိုး မ​ရ​တော့​ချေ။ ယ​ခု​ကိုယ်​တော်​သည်​ဘု​ရား သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​လျက်​အ​သက် ရှင်​တော်​မူ​၏။-

11. ထို​နည်း​တူ​သင်​တို့​သည်​လည်း​အ​ပြစ်​တ​ရား နှင့်​လုံး​ဝ​အ​ဆက်​ပြတ်​၍​ခ​ရစ်​တော်​ယေ​ရှု အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့ လျက်​ရှိ​နေ​သည်​ဟု​မှတ်​ယူ​ရ​ကြ​မည်။

12. ထို့​ကြောင့်​သင်​တို့​သည် မိ​မိ​တို့​ကိုယ်​ခန္ဓာ​၏ အ​လို​ဆန္ဒ​သို့​မ​လိုက်​စေ​ရန်​အ​ပြစ်​တ​ရား က သင်​တို့​၏​သေ​တတ်​သော​ကိုယ်​ခန္ဓာ​ကို​အ​စိုး မ​ရ​စေ​နှင့်။-

13. သင်​တို့​ကိုယ်​အင်္ဂါ​များ​ကို​လည်း​ဒု​စ​ရိုက်​အ​တွက် အ​သုံး​မ​ပြု​ကြ​နှင့်။ ယင်း​သို့​ပြု​မည့်​အ​စား သင်​တို့​သည်​သေ​ရာ​မှ​ရှင်​ပြန်​သူ​များ​အ​ဖြစ် ဖြင့်​လည်း​ကောင်း၊ သု​စ​ရိုက်​အ​တွက်​အ​သုံး​တော် ခံ​ရန်​လည်း​ကောင်း၊ မိ​မိ​တို့​ကိုယ်​ကို​ဘု​ရား သ​ခင်​အား​ဆက်​သ​ကြ​လော့။-

14. အ​ပြစ်​တ​ရား​သည်​သင်​တို့​အား​အ​စိုး​မ​ရ​စေ နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​ပ​ညတ် တ​ရား​လက်​အောက်​၌​မ​ရှိ။ ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တ​ရား​လက်​အောက်​၌​ရှိ​ကြ​သော ကြောင့်​တည်း။

15. သို့​ဖြစ်​၍​ငါ​တို့​သည်​ပ​ညတ်​တ​ရား​၏​လက် အောက်​၌​မ​ရှိ​တော့​ဘဲ ကျေး​ဇူး​တ​ရား​၏​လက် အောက်​၌​ရှိ​ကြ​သ​ဖြင့်​အ​ပြစ်​ကူး​ကြ​ကုန် အံ့​ဟု​ဆို​ကြ​မည်​လော။ ထို​သို့​မ​ဆို​ရ။-

16. လူ​တစ်​စုံ​တစ်​ယောက်​၏​စေ​စား​မှု​ကို​ခံ​သော သူ​သည် စေ​စား​သူ​၏​ကျွန်​ဖြစ်​ကြောင်း​သင်​တို့ ကောင်း​စွာ​သိ​ကြ​၏။ အ​ကယ်​၍​သင်​တို့​သည် အ​ပြစ်​တ​ရား​၏​စေ​စား​မှု​ကို​ခံ​ကြ​ပါ​မူ သင် တို့​ခံ​စား​ရ​မည့်​အ​ကျိုး​ဆက်​ကား​သေ​ခြင်း ပင်​ဖြစ်​၏။ အ​ကယ်​၍​သင်​တို့​သည်​ဘု​ရား​သခင် ၏​စ​ကား​ကို​နာ​ခံ​ကြ​မည်​ဆို​ပါ​က​ကိုယ်​တော် နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​မှု​ကို​ရ​ရှိ​ကြ​လိမ့်​မည်။-

17. သင်​တို့​သည်​အ​ခါ​တစ်​ပါး​က​အ​ပြစ်​တ​ရား ၏​ကျွန်​ဖြစ်​ခဲ့​ဖူး​သော်​လည်း​ယ​ခု​အ​ခါ​၌ မိ​မိ တို့​ခံ​ယူ​ယုံ​ကြည်​သည့်​ဘာ​သာ​တ​ရား​တော်​ကို အ​ကြွင်း​မဲ့​လိုက်​နာ​ကျင့်​သုံး​ကြ​သည့်​အ​တွက် ငါ​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​၏။-

18. သင်​တို့​သည်​အ​ပြစ်​တ​ရား​၏​ကျွန်​ဘ​ဝ​မှ လွတ်​မြောက်​ကြ​သော​အ​ခါ​ဖြောင့်​မတ်​ခြင်း တ​ရား​၏​ကျွန်​ဖြစ်​လာ​ကြ​၏။-

ရော​မ 6