9. ခရစ်တော်အသေခံတော်မူခြင်းအားဖြင့် ငါ တို့သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်ဆံ ခွင့်ကိုရရှိသည်ဖြစ်ရာ အမျက်တော်မှခရစ် တော်အားဖြင့်ပို၍ကယ်တင်ခြင်းကိုရရှိကြ လိမ့်မည်။-
10. ငါတို့သည်ဘုရားသခင်၏ရန်သူဖြစ်ကြ သော်လည်းကိုယ်တော်သည် သားတော်ကိုအသေခံ စေတော်မူခြင်းအားဖြင့်ငါတို့အားမိတ်ဆွေ ဖြစ်စေတော်မူ၏။ ယခုငါတို့သည်ဘုရားသခင် ၏မိတ်ဆွေဖြစ်လာကြပြီဖြစ်ရာ ခရစ်တော် အသက်ရှင်တော်မူခြင်းအားဖြင့်ကယ်တင်ခြင်း ကိုပို၍ခံရကြလိမ့်မည်။-
11. ဤမျှသာမက၊ ဘုရားသခင်သည်ငါတို့အား ကိုယ်တော်၏မိတ်ဆွေဖြစ်စေတော်မူသော ငါတို့ သခင်ယေရှုခရစ်အားဖြင့်ပြုတော်မူသော အမှုကြောင့်ငါတို့ရွှင်လန်းဝမ်းမြောက်ကြ၏။
12. အပြစ်တရားသည်လူတစ်ယောက်ကြောင့်ဤ ကမ္ဘာလောကသို့သက်ရောက်လာ၏။ ထိုသူ၏ အပြစ်ကြောင့်သေခြင်းတရားပေါ်ပေါက်လာ ရ၏။ သို့ဖြစ်၍လူအပေါင်းတို့သည်အပြစ် ကူးလွန်ကြသဖြင့်သေရကြကုန်၏။-
13. ပညတ်တရားမပေါ်မီအခါကလူတို့သည် အပြစ်ကူးခဲ့ကြ၏။ သို့သော်ထိုစဉ်အခါက တရားဥပဒေမရှိသဖြင့်လူတို့၏အပြစ် များကိုမှတ်သားထားခြင်းမရှိ။-