ရော​မ 5:18-21 Common Language Bible (BCL)

18. သို့​ဖြစ်​၍​တစ်​ဦး​က​အ​ပြစ်​ကို​ပြု​သော​ကြောင့် လူ​သား​အား​လုံး​ပင်​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ ကြ​သည်​နည်း​တူ အ​ခြား​တစ်​ဦး​က​ဖြောင့်​မတ် သော​အ​မှု​ကို​ပြု​သော​ကြောင့်​လူ​သား​အ​ပေါင်း တို့​သည်​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​မှ​လွတ်​မြောက်​၍ အ​သက်​ရှင်​ရ​ကြ​၏။-

19. လူ​တစ်​ဦး​သည်​ဘု​ရား​စ​ကား​ကို​နား​မ​ထောင် သော​အား​ဖြင့်​လူ​အ​ပေါင်း​တို့​အ​ပြစ်​ကူး​သူ များ​ဖြစ်​ရ​ကြ​သည်​နည်း​တူ အ​ခြား​လူ​တစ်​ဦး သည်​ဘု​ရား​စ​ကား​ကို​နာ​ခံ​သော​အား​ဖြင့်​လူ အ​ပေါင်း​တို့​သည်​ဘုရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​သွယ်​ရ​ကြ​လိမ့်​မည်။

20. အ​ပြစ်​ဒု​စ​ရိုက်​များ​ပြား​လာ​စေ​ရန်​ပ​ညတ် တ​ရား​ကို​ချ​မှတ်​ခဲ့​၏။ သို့​ရာ​တွင်​အ​ပြစ် ဒု​စ​ရိုက်​များ​ပြား​လာ​သော​အ​ခါ​ကျေး​ဇူး တော်​သည်​ပို​၍​များ​ပြား​လာ​၏။-

21. သို့​ဖြစ်​၍​အ​ပြစ်​တ​ရား​သည်​သေ​ခြင်း​တ​ရား အား​ဖြင့် စိုး​မိုး​ခဲ့​သည်​နည်း​တူ​ငါ​တို့​၏​အ​ရှင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အား​ထာ​ဝ​ရ​အ​သက် ကို​ရ​စေ​ရန်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​အား​ဖြင့်​စိုး​မိုး​သ​တည်း။

ရော​မ 5