ရော​မ 5:11-15 Common Language Bible (BCL)

11. ဤ​မျှ​သာ​မ​က၊ ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား ကိုယ်​တော်​၏​မိတ်​ဆွေ​ဖြစ်​စေ​တော်​မူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ပြု​တော်​မူ​သော အ​မှု​ကြောင့်​ငါ​တို့​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​၏။

12. အ​ပြစ်​တ​ရား​သည်​လူ​တစ်​ယောက်​ကြောင့်​ဤ ကမ္ဘာ​လော​က​သို့​သက်​ရောက်​လာ​၏။ ထို​သူ​၏ အ​ပြစ်​ကြောင့်​သေ​ခြင်း​တ​ရား​ပေါ်​ပေါက်​လာ ရ​၏။ သို့​ဖြစ်​၍​လူ​အ​ပေါင်း​တို့​သည်​အ​ပြစ် ကူး​လွန်​ကြ​သ​ဖြင့်​သေ​ရ​ကြ​ကုန်​၏။-

13. ပ​ညတ်​တ​ရား​မ​ပေါ်​မီ​အ​ခါ​က​လူ​တို့​သည် အ​ပြစ်​ကူး​ခဲ့​ကြ​၏။ သို့​သော်​ထို​စဉ်​အ​ခါ​က တ​ရား​ဥ​ပ​ဒေ​မ​ရှိ​သ​ဖြင့်​လူ​တို့​၏​အ​ပြစ် များ​ကို​မှတ်​သား​ထား​ခြင်း​မ​ရှိ။-

14. သို့​ရာ​တွင်​သေ​ခြင်း​တ​ရား​သည်​အာ​ဒံ​၏​လက် ထက်​မှ​စ​၍​မော​ရှေ​၏​လက်​ထက်​တိုင်​အောင် လူ အ​ပေါင်း​တို့​အား​စိုး​မိုး​ခဲ့​၏။ အာ​ဒံ​ကဲ့​သို့ ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​ဖီ​ဆန်​ခြင်း​ဖြင့် အ​ပြစ်​မ​ကူး​ခဲ့​သူ​တို့​ကို​ပင်​သေ​ခြင်း​တ​ရား က​စိုး​မိုး​ခဲ့​ပေ​သည်။အာ​ဒံ​သည်​နောင်​အ​ခါ​ပေါ်​ထွန်း​လတ္တံ့​သော အ​ရှင်​၏​ပုံ​ကို​ဆောင်​ပေ​သည်။-

15. သို့​ရာ​တွင်​သူ​တို့​နှစ်​ဦး​ကွာ​ခြား​၏။ ဘု​ရား​သ​ခင် ၏​အ​ခ​မဲ့​ဆု​ကျေး​ဇူး​တော်​နှင့်​အာ​ဒံ​၏​အ​ပြစ် ကူး​လွန်​ပုံ​မ​တူ​သ​ဖြင့် သူ​တို့​နှစ်​ဦး​ကွာ​ခြား​၏။ တစ်​ဦး​ကူး​လွန်​သည့်​အ​ပြစ်​ကြောင့်​လူ​များ​စွာ သေ​သည်​မှန်​ပါ​က ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​သည်​လည်း​ကောင်း၊ အ​ခြား​တစ်​ဦး​ဖြစ်​သူ ယေ​ရှု​ခ​ရစ်​၏​ကျေး​ဇူး​တော်​အား​ဖြင့်​လူ မြောက်​မြား​စွာ​ရ​ရှိ​ကြ​သည့်​ဆု​ကျေး​ဇူး သည်​လည်း​ကောင်း​ပို​၍​ကြွယ်​ဝ​ပေ​သည်။-

ရော​မ 5