1. ငါတို့သည်ယုံကြည်ခြင်းဖြင့်ဘုရားသခင် နှင့်မှန်ကန်စွာဆက်ဆံမှုရရှိပြီးဖြစ်သော ကြောင့် ငါတို့အရှင်ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ရှေ့တော်၌ငြိမ်သက်ခြင်းကို ခံစားရကြ၏။-
2. ထိုအရှင်သည်ငါတို့အားယုံကြည်ခြင်းကြောင့် ဤကဲ့သို့ဘုရားသခင်၏ကျေးဇူးတော်ကိုခံ စားစေတော်မူ၏။ ထိုကျေးဇူးတော်ကိုယခုငါ တို့ခံစားလျက်ရှိကြ၏။ သို့ဖြစ်၍ငါတို့သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုခံစား ရန်မျှော်လင့်ခြင်းအတွက်ဝါကြွားဝမ်းမြောက် ကြ၏။-
3. ဆင်းရဲဒုက္ခများအတွက်လည်းငါတို့ဝါကြွား ဝမ်းမြောက်ကြပေသည်။ ဆင်းရဲဒုက္ခသည်ခံနိုင် ရည်ကိုလည်းကောင်း၊-
4. ခံနိုင်ရည်သည်ဘုရားသခင်၏နှစ်သက်မှုကို လည်းကောင်း၊ ဘုရားသခင်၏နှစ်သက်မှုသည် မျှော်လင့်ခြင်းကိုလည်းကောင်း ပြုစု၍ပေး တတ်ကြောင်းကိုငါတို့သိကြ၏။-
5. ဤမျှော်လင့်ခြင်းသည်ငါတို့အားစိတ်ပျက် စေလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည်ငါတို့အားပေးသနား တော်မူသောသန့်ရှင်းသောဝိညာဉ်တော်အား ဖြင့် ငါတို့၏စိတ်နှလုံးထဲသို့မေတ္တာတော်ကို သွန်းလောင်းတော်မူသောကြောင့်တည်း။
6. ငါတို့သည်ခိုကိုးရာမဲ့ဖြစ်လျက်ရှိနေကြ စဉ် ခရစ်တော်သည်ဘုရားသခင်သတ်မှတ်တော် မူရာနေ့ရက်ကာလ၌ဆိုးယုတ်သူတို့ အတွက်အသေခံတော်မူ၏။-
7. ဖြောင့်မတ်သူတစ်ယောက်အတွက်အသေခံမည့် သူရှိရန်ခဲယဉ်း၏။ သူတော်ကောင်းတစ်ယောက် အတွက်အသေခံဝံ့သူရှိကောင်းရှိမည်။-
8. သို့ရာတွင်ငါတို့သည်အပြစ်ကူးလျက်ရှိနေ ကြစဉ်ပင် ခရစ်တော်သည်ငါတို့အတွက်အသေ ခံတော်မူ၏။ ဤနည်းအားဖြင့်ဘုရားသခင်သည် ငါတို့အားအဘယ်မျှချစ်တော်မူကြောင်းကို ထင်ရှားစွာပြတော်မူ၏။-
9. ခရစ်တော်အသေခံတော်မူခြင်းအားဖြင့် ငါ တို့သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်ဆံ ခွင့်ကိုရရှိသည်ဖြစ်ရာ အမျက်တော်မှခရစ် တော်အားဖြင့်ပို၍ကယ်တင်ခြင်းကိုရရှိကြ လိမ့်မည်။-