1. ငါတို့သည်ယုံကြည်ခြင်းဖြင့်ဘုရားသခင် နှင့်မှန်ကန်စွာဆက်ဆံမှုရရှိပြီးဖြစ်သော ကြောင့် ငါတို့အရှင်ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ရှေ့တော်၌ငြိမ်သက်ခြင်းကို ခံစားရကြ၏။-
2. ထိုအရှင်သည်ငါတို့အားယုံကြည်ခြင်းကြောင့် ဤကဲ့သို့ဘုရားသခင်၏ကျေးဇူးတော်ကိုခံ စားစေတော်မူ၏။ ထိုကျေးဇူးတော်ကိုယခုငါ တို့ခံစားလျက်ရှိကြ၏။ သို့ဖြစ်၍ငါတို့သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုခံစား ရန်မျှော်လင့်ခြင်းအတွက်ဝါကြွားဝမ်းမြောက် ကြ၏။-
3. ဆင်းရဲဒုက္ခများအတွက်လည်းငါတို့ဝါကြွား ဝမ်းမြောက်ကြပေသည်။ ဆင်းရဲဒုက္ခသည်ခံနိုင် ရည်ကိုလည်းကောင်း၊-
4. ခံနိုင်ရည်သည်ဘုရားသခင်၏နှစ်သက်မှုကို လည်းကောင်း၊ ဘုရားသခင်၏နှစ်သက်မှုသည် မျှော်လင့်ခြင်းကိုလည်းကောင်း ပြုစု၍ပေး တတ်ကြောင်းကိုငါတို့သိကြ၏။-