ရော​မ 4:19-25 Common Language Bible (BCL)

19. ထို​အ​ချိန်​၌​အာ​ဗြ​ဟံ​သည်​အ​သက်​တစ်​ရာ ခန့်​ပင်​ရှိ​၍ မိ​မိ​၏​ကိုယ်​ခန္ဓာ​သည်​အ​သေ​ကဲ့​သို့ ဖြစ်​လျက်​နေ​ကြောင်း​ကို​လည်း​ကောင်း၊ စာ​ရာ သည်​လည်း​က​လေး​မ​ရ​နိုင်​ကြောင်း​ကို​လည်း ကောင်း​သိ​သော်​လည်း ဘု​ရား​သ​ခင်​အ​ပေါ်​တွင် ယုံ​ကြည်​မှု​ခိုင်​မြဲ​လျက်​ရှိ​၏။-

20. သူ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဘု​ရား​သ​ခင် ၏​က​တိ​တော်​ကို​ယုံ​မှား​သံ​သ​ယ​မ​ဖြစ်။ ကိုယ်​တော့်​အ​ပေါ်​ယုံ​ကြည်​မှု​ကို​လည်း​မ​စွန့် လွှတ်။ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သည်​ဖြစ်​၍ ခွန်​အား​ပြည့်​ဝ​လာ​၏။ ထို့​ကြောင့်​သူ​သည် ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ပေ သည်။-

21. ဘု​ရား​သ​ခင်​သည်​မိမိ​က​တိ​ထား​တော်​မူ​သည့် အ​တိုင်း​ပြု​တော်​မူ​နိုင်​ကြောင်း​အာ​ဗြ​ဟံ​သည် အ​ကြွင်း​မဲ့​ယုံ​ကြည်​၏။-

22. ထို​သို့​ယုံ​ကြည်​မှု​ကြောင့်​ဘု​ရား​သ​ခင်​သည် သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ်​လက်​ခံ​တော် မူ​၏။-

23. ``ဘု​ရား​သ​ခင်​သည်​သူ့​အား​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​၏'' ဟူ​သော​စ​ကား​ရပ် သည်​အာ​ဗြ​ဟံ​တစ်​ဦး​တည်း​သာ​ရည်​ညွှန်း သည်​မ​ဟုတ်။-

24. ငါ​တို့​အား​လည်း​ရည်​ညွှန်း​ပေ​သည်။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ​တို့​၏​အ​ရှင်​သ​ခင်​ယေ​ရှု အား​ရှင်​ပြန်​ထ​မြောက်​စေ​သော​ဘု​ရား​သ​ခင် ကို ငါ​တို့​ယုံ​ကြည်​သ​ဖြင့်​ငါ​တို့​အား​ဖြောင့် မတ်​သူ​များ​အ​ဖြစ်​ကိုယ်​တော်​လက်​ခံ​မည် ဖြစ်​သော​ကြောင့်​တည်း။-

25. ထို​အ​ရှင်​သည်​ငါ​တို့​အ​ပြစ်​များ​ကြောင့်​အ​သေ ခံ​စေ​ရန်​အပ်​နှံ​ခြင်း​ကို​ခံ​တော်​မူ​၏။ ငါ​တို့​အား ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ​အံ့​သော ငှာ​ကိုယ်​တော်​အား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​၏။

ရော​မ 4