1. သို့ဖြစ်၍ငါတို့လူမျိုး၏အဖဖြစ်သူ အာဗြဟံ၏အကြောင်းကိုစဉ်းစားကြည့် ကြစို့။ သူ၏အတွေ့အကြုံကားအောက်ပါ အတိုင်းဖြစ်သည်။-
2. အကယ်၍အာဗြဟံသည်မိမိ၏အကျင့် သီလအားဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံခွင့်ကိုရရှိပါမူ သူ့မှာဂုဏ်ယူဝါ ကြွားစရာအကြောင်းရှိပေသည်။ သို့ရာတွင် သူသည်ဘုရားသခင်၏ရှေ့တော်မှောက်တွင် ထိုသို့ဂုဏ်ယူဝါကြွားမှုကိုမပြုနိုင်။-
3. ကျမ်းစာတော်က``အာဗြဟံသည်ဘုရား သခင်ကိုယုံကြည်သဖြင့် ဘုရားသခင် သည်သူ့အားဖြောင့်မတ်သူအဖြစ်လက်ခံ တော်မူ၏'' ဟုဆိုသည်။-
4. လူတစ်စုံတစ်ယောက်သည်အလုပ်လုပ်၍ အခကြေးငွေကိုရရှိသောအခါ ထိုကြေး ငွေသည်လက်ဆောင်အဖြစ်ရသောအရာ မဟုတ်ဘဲမိမိအလုပ်လုပ်၍ရသောအရာ ဖြစ်၏။-
5. သို့ရာတွင်သူသည်မိမိ၏အကျင့်သီလ ကိုအားမကိုးဘဲယုံကြည်ခြင်းကိုအားကိုး လျှင် ဘုရားသခင်သည်သူ၏ယုံကြည်မှုကို ထောက်ရှုလျက် သူ့အားအပြစ်မရှိဟုစီရင် ချက်ချမှတ်တော်မူသည်။ သူ၏ယုံကြည်ခြင်း ကြောင့်ဘုရားသခင်သည်သူ့ကိုမိမိနှင့် မှန်ကန်စွာဆက်ဆံစေတော်မူ၏။-
6. အကျင့်သီလကိုမထောက်ဘဲဘုရားသခင် သည်ဖြောင့်မတ်သောသူအဖြစ်လက်ခံတော်မူ ခြင်းကို ခံရသောသူသည်မင်္ဂလာရှိကြောင်း ဖော်ပြရာ၌ဒါဝိဒ်မင်းက၊
7. ``အပြစ်ပြေလွတ်ခွင့်နှင့်အပြစ်ဒုစရိုက်အတွက်လွတ်ငြိမ်းချမ်းသာခွင့်ကိုရသောသူသည် မင်္ဂလာရှိ၏။
8. မိမိ၏အပြစ်များကိုထာဝရဘုရားမှတ်တော်မူ ခြင်းကို၊ မခံရသောသူသည်မင်္ဂလာရှိ၏''ဟုမြွက်ဆိုလေသည်။