2. အကျိုးကားအဘက်ဘက်၌များစွာရှိ၏။ ပထမအနေဖြင့်ယုဒအမျိုးသားတို့ သည်ဘုရားသခင်၏ဗျာဒိတ်တော်ကိုခံ ယူရရှိကြ၏။-
3. အကယ်၍ထိုသူအချို့တို့သည်သစ္စာမဲ့ကြ ခြင်းကြောင့် ဘုရားသခင်သည်လည်းသစ္စာမဲ့ တော်မူမည်ဟုဆိုရမည်လော။-
4. မည်သည့်နည်းနှင့်မျှဤသို့မဆိုနိုင်။ လူတိုင်း ပင်လိမ်လည်ကြစေကာမူဘုရားသခင်မူ ကား ကတိသစ္စာတည်တော်မူမည်သာဖြစ်၏။ ကျမ်းစာတော်က၊``ကိုယ်တော်မိန့်တော်မူသောစကားသည် မှန်ကန်ရမည်။တရားဆိုင်တော်မူရလျှင်လည်းကိုယ်တော် သာလျှင် အနိုင်ရမည်''ဟုဖော်ပြသည့်အတိုင်းပင်ဖြစ်၏။
5. သို့ရာတွင်လူအချို့က``ငါတို့၏ဆိုးယုတ်မှု သည်ဘုရားသခင်၏ကောင်းမြတ်မှန်ကန်မှုကို ပိုမိုထင်ရှားစေသည်မဟုတ်ပါလော'' ဟု မေးကြလိမ့်မည်။ ငါတို့မည်သို့အဖြေပေး မည်နည်း။ ``ဘုရားသခင်သည်ငါတို့ကို ဒဏ်ခတ်တော်မူသည်မှာမတရား'' ဟုငါ တို့ဖြေဆိုကြမည်လော။ (ဤသို့ငါဆိုရာ ၌လူတို့ပြောဆိုလေ့ရှိသည့်အတိုင်းပြော လိုက်ခြင်းဖြစ်သည်။-)
6. ``ဘုရားသခင်သည်မတရား'' ဟုအဘယ် နည်းနှင့်မျှမဆိုနိုင်။ အကယ်၍ကိုယ်တော် သည်မတရားပါမူ အဘယ်သို့လျှင်ကမ္ဘာ လောကကိုတရားစီရင်တော်မူနိုင်မည် နည်း။
7. အကယ်၍ငါ၏သစ္စာမဲ့မှုသည်ဘုရားသခင် ၏သစ္စာတော်ကိုပိုမိုထင်ရှားစေသောအားဖြင့် ကိုယ်တော်၏ဂုဏ်အသရေတော်ကိုတောက်ပ စေသည်ဆိုပါက အဘယ်ကြောင့်ငါသည် အပြစ်ကူးသူအဖြစ်ဖြင့်အပြစ်ဒဏ်စီရင် ခြင်းကိုခံရသနည်း။-
8. ``အကောင်းကိုဖြစ်ပွားစေရန်အဆိုးကိုငါ တို့ပြုကြကုန်အံ့'' ဟုဆိုရမည်လော။ ဤကဲ့ သို့ပင်ငါပြောဆိုသည်ဟူ၍လူအချို့က ပြစ်တင်စွပ်စွဲကာငါ့အားစော်ကားကြလေ ပြီ။ ထိုသူတို့သည်အပြစ်ဒဏ်စီရင်ခြင်းကို ခံထိုက်သည်အတိုင်းအမှန်ပင်ခံရကြ လိမ့်မည်။
9. သို့ဖြစ်ပါမူငါတို့ယုဒလူမျိုးသည်လူ မျိုးခြားတို့ထက်အဘယ်သို့လျှင် သာလွန် ကောင်းမွန်သည့်အခြေအနေတွင်ရှိကြ သနည်း။ မည်သို့မျှသာလွန်ကောင်းမွန်သည့် အခြေအနေတွင်မရှိကြ။ ယုဒလူမျိုး ရောလူမျိုးခြားပါအပြစ်၏အာဏာစက် အောက်တွင်ရှိကြကြောင်းငါအထက်က ဖော်ပြခဲ့ပြီးဖြစ်၏။-
10. ကျမ်းစာတော်တွင်၊``ဖြောင့်မတ်သူဟူ၍ တစ်ယောက်မျှမရှိ။
11. ပညာရှိသူဟူ၍မရှိ။ဘုရားသခင်ကိုကိုးကွယ်သူ တစ်ယောက်မျှမရှိ။
12. လူအပေါင်းတို့သည်ကိုယ်တော်ကို ကျောခိုင်းသွားကြလေပြီ။သူတို့အားလုံးပင်လမ်းလွဲကြလေပြီ။အမှန်တရားကိုပြုကျင့်သူဟူ၍မရှိ။ တစ်ယောက်မျှမရှိ။