ရော​မ 2:19-20-25 Common Language Bible (BCL)

2. ထို​သို့​အ​ကျင့်​ဆိုး​များ​ကို​ပြု​ကျင့်​သူ​တို့ အား​ဘု​ရား​သ​ခင်​အ​ပြစ်​စီ​ရင်​တော်​မူ​သည် မှာ လျော်​ကန်​သင့်​မြတ်​ကြောင်း​ကို​ငါ​တို့​သိ ကြ​၏။-

3. သို့​သော်​လည်း​မိတ်​ဆွေ၊ သင်​က​သူ​တစ်​ပါး အား​အ​ပြစ်​စီ​ရင်​သည့်​အ​ပြစ်​မျိုး​ကို သင် ကိုယ်​တိုင်​ပင်​ကူး​လွန်​လျက်​နေ​ပါ​သည် တ​ကား။ သင်​သည်​ဘု​ရား​သ​ခင်​၏​အ​ပြစ် စီ​ရင်​ခြင်း​နှင့်​ကင်း​လွတ်​လိမ့်​မည်​ဟု​ထင် မှတ်​ပါ​သ​လော။-

4. သို့​တည်း​မ​ဟုတ်​သင်​သည်​ကိုယ်​တော်​၏ က​ရု​ဏာ​ထား​တော်​မူ​ခြင်း၊ စိတ်​ရှည်​တော်​မူ ခြင်း၊ သည်း​ခံ​တော်​မူ​ခြင်း​တို့​ကို​မ​ထီ​မဲ့ မြင်​ပြု​ပါ​သ​လော။ ဘု​ရား​သ​ခင်​သည်​သင့် အား​နောင်​တ​ရ​စေ​ရန်​လမ်း​ပြ​ပို့​ဆောင် လျက်​ရှိ​တော်​မူ​သည်​ဖြစ်​၍ ကိုယ်​တော် က​ရု​ဏာ​ထား​ကြောင်း​ကို​သင်​ဧ​ကန် အ​မှန်​ပင်​သိ​၏။-

5. သို့​သော်​လည်း​သင်​သည်​ခေါင်း​မာ​လျက် နောင်​တ​မ​ရ။ ထို့​ကြောင့်​အ​မျက်​တော်​ပေါ် လွင်​ထင်​ရှား​ရာ၊ ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင် ရာ​နေ့​ရက်​၌​သင်​သည်​ပို​မို​ကြီး​လေး​သော အ​ပြစ်​ဒဏ်​ကို​ခံ​ရ​လိမ့်​မည်။-

6. ထို​နေ့​ရက်​၌​ကိုယ်​တော်​သည်​လူ​အ​သီး​သီး တို့​အား မိ​မိ​တို့​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ဆပ်​ပေး​တော်​မူ​လတ္တံ့။-

7. အ​ကျင့်​ကောင်း​ကို​ဆက်​လက်​ပြု​ကျင့်​လျက် ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ဂုဏ်​အ​သ​ရေ ကို​လည်း​ကောင်း၊ သေ​ခြင်း​ကင်း​သော​ဘ​ဝ​ကို လည်း​ကောင်း​ရှာ​သော​သူ​တို့​အား ဘု​ရား​သ​ခင် သည်​ထာ​ဝ​ရ​အ​သက်​ကို​ပေး​တော်​မူ​လိမ့်​မည်။-

8. သို့​ရာ​တွင်​တစ်​ကိုယ်​ကောင်း​သ​ဘော​ရှိ​၍ အ​မှန် တ​ရား​ကို​ပစ်​ပယ်​ကာ​အ​မှား​ဘက်​သို့​လိုက် ပါ​သူ​များ​သည် အ​မျက်​တော်​သင့်​ကြ​လိမ့် မည်။-

9. ဦး​စွာ​ယု​ဒ​လူ၊ ထို့​နောက်​လူ​မျိုး​ခြား​တို့ အ​နက်​ဒု​စ​ရိုက်​ကို​ပြု​သူ​အ​ပေါင်း​တို့ သည် ဆင်း​ရဲ​ဒုက္ခ​နှင့်​နာ​ကျင်​ခြင်း​ဝေ​ဒ​နာ ကို​ခံ​ရ​ကြ​လိမ့်​မည်။-

19-20. မိ​မိ​သည်​မျက်​မ​မြင်​တို့​၏​လမ်း​ပြ၊ အ​မှောင် တွင်​ရှိ​သူ​တို့​၏​အ​လင်း၊ လူ​မိုက်​တို့​၏​နည်း​ပြ၊ မ​သိ​နား​မ​လည်​သူ​တို့​၏​ဆ​ရာ​ဖြစ်​သည်​ဟု အ​မှန်​ပင်​သင်​ယုံ​ကြည်​၏။ ပ​ညတ်​တ​ရား​သည် အ​သိ​ပ​ညာ​နှင့်​သမ္မာ​တ​ရား​အ​စုံ​အ​လင် ကိန်း​အောင်း​ရာ​ဖြစ်​သည်​ကို​လည်း​သေ​ချာ စွာ​သိ​၏။-

21. သင်​သည်​သူ​တစ်​ပါး​တို့​အား​သွန်​သင်​ဆုံး​မ သူ​ဖြစ်​ပါ​လျက် အ​ဘယ်​ကြောင့်​မိ​မိ​ကိုယ်​ကို မ​သွန်​သင်​မ​ဆုံး​မ​ပါ​သ​နည်း။ သင်​သည်​သူ တစ်​ပါး​တို့​အား​မ​ခိုး​မ​ဝှက်​ရန် သွန်​သင် ဆုံး​မ​ပါ​လျက်​အ​ဘယ်​ကြောင့်​သင်​ကိုယ်​တိုင် က​ခိုး​ဝှက်​ပါ​သ​နည်း။-

22. သင်​သည်​အ​ခြား​သူ​တို့​အား​သူ​တစ်​ပါး​၏ အိမ်​ရာ​ကို​မ​ပြစ်​မှား​ရန်​တား​မြစ်​ပါ​လျက် အ​ဘယ်​ကြောင့်​သင်​ကိုယ်​တိုင်​ပြစ်​မှား​ပါ သ​နည်း။ သင်​သည်​ရုပ်​တု​ကို​ရွံ​ရှာ​ပါ​လျက် အ​ဘယ်​ကြောင့် သင်​ကိုယ်​တိုင်​ရုပ်​တု​တည်​ရာ ဗိ​မာန်​ကို​လု​ယက်​ပါ​သ​နည်း။-

23. သင်​သည်​ပ​ညတ်​တ​ရား​ကို​အ​မှီ​ပြု​၍​ဂုဏ် ယူ​ဝါ​ကြွား​ပါ​လျက် အ​ဘယ်​ကြောင့်​ထို​ပ​ညတ် တ​ရား​ကို​ချိုး​ဖောက်​ခြင်း​အား​ဖြင့် ဘု​ရား သ​ခင်​၏​အ​သ​ရေ​တော်​ကို​ဖျက်​နေ​ပါ​သ​နည်း။-

24. ကျမ်း​စာ​တော်​တွင်``ယု​ဒ​အ​မျိုး​သား​တို့​ကြောင့် လူ​မျိုး​ခြား​တို့​သည်​ဘု​ရား​သ​ခင်​၏​နာ​မ တော်​ကို​ကဲ့​ရဲ့​ကြ​၏'' ဟု​ဖော်​ပြ​ပါ​ရှိ သည်။

25. သင်​သည်​ပညတ်​တ​ရား​ကို​စောင့်​ထိန်း​သူ​ဖြစ် ပါ​မူ သင်​၏​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​သည် အ​ဋ္ဌိပ္ပါယ်​ရှိ​၏။ သို့​ရာ​တွင်​အ​ကယ်​၍​ပ​ညတ် တ​ရား​ကို​ချိုး​ဖောက်​သူ​ဖြစ်​ပါ​က အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂလာ​မ​ခံ​ခဲ့​လျှင်​ပို​၍​ကောင်း​လိမ့် မည်။-

ရော​မ 2