16. သို့ဖြစ်၍ငါဟောပြောကြေညာသည့်သတင်း ကောင်းအရ တရားစီရင်တော်မူရာနေ့၌ ဘုရား သခင်သည်ယေရှုခရစ်အားဖြင့်လူခပ်သိမ်း တို့၏လျှို့ဝှက်သောအကြံအစည်များကို ထို သို့စစ်ဆေးစီရင်တော်မူပေအံ့။
17. သို့ရာတွင်အချင်းမိတ်ဆွေ၊ သင်သည်မိမိကိုယ် ကိုယုဒအမျိုးသားဖြစ်သည်ဟုဆိုကာ ပညတ် တရားကိုအားကိုးလျက်ဘုရားသခင်အကြောင်း ကိုကြွားဝါ၏။-
18. သင်သည်ဘုရားသခင်၏အလိုတော်ကိုသိမြင် သူဖြစ်သည်။ ပညတ်တရား၏သွန်သင်မှုအား ဖြင့်အမှန်ကိုသိမြင်လာသူဖြစ်၏။-
19-20. မိမိသည်မျက်မမြင်တို့၏လမ်းပြ၊ အမှောင် တွင်ရှိသူတို့၏အလင်း၊ လူမိုက်တို့၏နည်းပြ၊ မသိနားမလည်သူတို့၏ဆရာဖြစ်သည်ဟု အမှန်ပင်သင်ယုံကြည်၏။ ပညတ်တရားသည် အသိပညာနှင့်သမ္မာတရားအစုံအလင် ကိန်းအောင်းရာဖြစ်သည်ကိုလည်းသေချာ စွာသိ၏။-
21. သင်သည်သူတစ်ပါးတို့အားသွန်သင်ဆုံးမ သူဖြစ်ပါလျက် အဘယ်ကြောင့်မိမိကိုယ်ကို မသွန်သင်မဆုံးမပါသနည်း။ သင်သည်သူ တစ်ပါးတို့အားမခိုးမဝှက်ရန် သွန်သင် ဆုံးမပါလျက်အဘယ်ကြောင့်သင်ကိုယ်တိုင် ကခိုးဝှက်ပါသနည်း။-