ရော​မ 15:17-22 Common Language Bible (BCL)

17. ထို့​ကြောင့်​ငါ​သည်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​လျက် ဘု​ရား​သ​ခင်​၏ အ​မှု​တော်​ကို​ဆောင်​ရွက်​ရ​သည့်​အ​တွက်​ဂုဏ် ယူ​ဝါ​ကြွား​နိုင်​၏။-

18-19. လူ​မျိုး​ခြား​တို့​သည်​ဘု​ရား​သ​ခင်​၏​စ​ကား ကို​နာ​ခံ​လာ​ကြ​စေ​ရန်​ငါ​၏​အ​ပြော​အ​ဆို အ​ပြု​အ​မူ​များ​အား​ဖြင့်​လည်း​ကောင်း၊ ထူး ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​အား​ဖြင့်​လည်း​ကောင်း၊ ဘု​ရား သ​ခင်​၏​ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း​ကောင်း ခ​ရစ်​တော်​ပြု​တော်​မူ​သော​အ​ရာ​များ​အ​ကြောင်း ကို​သာ​လျှင်​ငါ​ရဲ​ဝံ့​စွာ​ဖော်​ပြ​မည်။ သို့​ဖြစ်​၍ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​မှ​ဣလု​ရိ​ပြည်​အ​ထိ ရောက်​ရှိ​သည့်​အ​ရပ်​ရပ်​၌ ခ​ရစ်​တော်​အ​ကြောင်း သ​တင်း​ကောင်း​ကို​အ​ကုန်​အ​စင်​ကြေ​ညာ ခဲ့​ပြီ။-

20. သူ​တစ်​ပါး​တို့​ချ​ခဲ့​သည့်​တိုက်​မြစ်​ပေါ်​တွင် ငါ​မ​တည်​မ​ဆောက်​လို။ ငါ​၏​ဆန္ဒ​မှာ​ခ​ရစ်​တော် ၏​အ​ကြောင်း​ကို​မ​ကြား​ဘူး​သေး​သော​အ​ရပ် တို့​တွင်​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန်​ဖြစ် သည်။-

21. ကျမ်း​စာ​တော်​တွင်၊``ထို​သူ​၏​အ​ကြောင်း​ကို​အ​ဘယ်​သူ​မျှ မ​ပြော​ဘူး​သော်​လည်း​သူ​တို့​သည်​မြင်​ကြ​လိမ့်​မည်။မ​ကြား​ဘူး​သော​သူ​တို့​သည်​နား​လည်​ကြ​လိမ့်​မည်''ဟု​ဖော်​ပြ​ပါ​ရှိ​သည်​အ​တိုင်း​ဖြစ်​သည်။

22. ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​အ​ကြိမ်​ကြိမ်​အ​ဖန် ဖန်​ကြိုး​စား​သော်​လည်း သင်​တို့​ထံ​သို့​မ​ရောက်​နိုင် ခဲ့​ပါ။-

ရော​မ 15