1. သို့ဖြစ်၍ညီအစ်ကိုတို့၊ ဘုရားသခင်သည်ငါ တို့အားလွန်စွာကရုဏာထားတော်မူသော ကြောင့် သင်တို့အားငါတိုက်တွန်းနှိုးဆော်လို သည်မှာကိုယ်တော်၏အမှုတော်ကိုဆောင်ရွက် ရန်နှင့် ကိုယ်တော်နှစ်သက်သောသက်ရှိယဇ်ကောင် သဖွယ်ဖြစ်ရန်သင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသည်ကားသင်တို့သည်ကိုယ်တော် အားမှန်ကန်စွာဝတ်ပြုကိုးကွယ်ခြင်းဖြစ်သည်။-
2. သင်တို့သည်လောကီစံနှုန်းကိုလိုက်၍မကျင့် ကြနှင့်။ သင်တို့သည်မိမိတို့၏စိတ်နှလုံးကို ဘုရားသခင်လုံးဝပြောင်းလဲစေသောအား ဖြင့် စိတ်သဘောသစ်ကိုခံယူလျက်ပုံသဏ္ဌာန် ပြောင်းလဲကြလော့။ သို့ပြုလျှင်ကောင်းမြတ် သောအရာ၊ ကိုယ်တော်နှစ်သက်ဖွယ်သောအရာ၊ အပြစ်ဆိုဖွယ်မရှိသောအရာတည်းဟူသော ဘုရားသခင်အလိုရှိတော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုသင်တို့သိ ရှိကြလိမ့်မည်။
3. သင်တို့သည်မိမိတို့ကိုယ်ကိုထင်သင့်သည် ထက်ပို၍အထင်မကြီးကြစေရန် ငါခံစား ရသောဘုရားသခင်၏ကျေးဇူးတော်ကြောင့် သင်တို့အပေါင်းအားငါမှာကြားလို၏။ သင် တို့အသီးသီးတို့အားဘုရားသခင်ချ ပေးတော်မူသောယုံကြည်ခြင်းပမာဏ အတိုင်းမိမိတို့ကိုယ်ကိုသင့်လျော်စွာထင် ကြလော့။-
4. ငါတို့ခန္ဓာကိုယ်တွင်အင်္ဂါအစိတ်အပိုင်းများ ရှိ၍ ထိုအင်္ဂါအစိတ်အပိုင်းအားလုံးတွင် အလုပ်တာဝန်အသီးသီးရှိကြ၏။-
5. ထိုနည်းတူစွာငါတို့သည်အရေအတွက် အားဖြင့်များသော်လည်း ခရစ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်ကြသဖြင့်ကိုယ်ခန္ဓာတစ်ခု တည်း၌တည်လျက်ရှိကြ၏။ ငါတို့အသီးသီး သည်အချင်းချင်းဆက်စပ်လျက်ရှိသောကိုယ် အင်္ဂါအစိတ်အပိုင်းများဖြစ်ကြ၏။-
6. သို့ဖြစ်၍ငါတို့အသီးသီးသည်မိမိတို့ ခံစားရသည့်ကျေးဇူးတော်နှင့်အညီ ဘုရား သခင်ချပေးတော်မူသည့်ဆုကျေးဇူးကို အသုံးပြုကြရမည်။ ငါတို့ရရှိသည့်ဆု ကျေးဇူးသည်ဘုရားသခင်၏နှုတ်ကပတ် တော်ကိုဟောပြောနိုင်စွမ်းဖြစ်ပါက ငါတို့ သည်မိမိတို့၏ယုံကြည်ခြင်းပမာဏ အတိုင်းထိုဆုကျေးဇူးကိုအသုံး ပြုကြရမည်။-