3. ထိုလျှောက်ထားချက်တွင်ဧလိယက``ထာဝရ ဘုရားရှင်၊ ထိုသူတို့သည်ကိုယ်တော်၏ပရော ဖက်များကိုသတ်ဖြတ်ခဲ့ကြပါပြီ။ ကိုယ်တော် ၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကြပါပြီ။ အကျွန်ုပ် တစ်ဦးတည်းသာကျန်ပါ၏။ အကျွန်ုပ်ကိုလည်း သူတို့သတ်ရန်ကြိုးစားလျက်နေကြပါ၏'' ဟုဆို၏။-
4. သို့ရာတွင်ဧလိယအားဘုရားသခင်အဘယ် သို့ပြန်၍မိန့်တော်မူသနည်း။ ကိုယ်တော်က``ငါ သည်ဗာလရုပ်တုအားဦးမညွှတ်၊ ရှိမခိုးသူ လူခုနစ်ထောင်ကိုငါ၏အတွက်ချန်ထား ပြီ'' ဟုမိန့်တော်မူ၏။-
5. ယခုကာလ၌လည်းဤနည်းအတိုင်းပင်။ ဘုရား သခင်၏ကျေးဇူးတော်ကြောင့်ရွေးကောက်ခြင်းခံ ရသူလူအနည်းငယ်ကျန်ရှိ၏။-
6. ကိုယ်တော်သည်ထိုသူတို့အားကျေးဇူးတော် ကိုအခြေခံ၍ရွေးကောက်တော်မူ၏။ သူတို့ ၏အကျင့်ကိုအခြေခံ၍ရွေးကောက်တော် မူသည်မဟုတ်။ အကယ်၍ဘုရားသခင်၏ ရွေးကောက်တော်မူခြင်းသည် လူ့အကျင့်ကို အခြေခံလျှင်ကိုယ်တော်၏ကျေးဇူးတော် သည်အစစ်အမှန်မဟုတ်။
7. ထို့ကြောင့်အဘယ်သို့ပြောရမည်နည်း။ ဣသရေလ အမျိုးသားတို့သည်မိမိတို့ရှာသောအရာကို မတွေ့ကြကြောင်းထင်ရှားနေသည်။ ထိုအရာကို တွေ့ရှိကြသူများမှာဘုရားသခင်ရွေးကောက် တော်မူသောလူနည်းစုပင်ဖြစ်ပေသည်။ ကျန် သောသူတို့သည်ကားဘုရားသခင်၏ဖိတ် ခေါ်တော်မူသံကိုမကြားကြ။-
8. ကျမ်းစာတော်က``ဘုရားသခင်သည်သူတို့ ၏စိတ်နှလုံးကိုထိုင်းမှိုင်းစေတော်မူ၏။ ယနေ့ တိုင်အောင်ပင်သူတို့သည်မမြင်မကြားနိုင် ကြ'' ဟုဖော်ပြသည့်အတိုင်းပင်ဖြစ်သည်။-
9. ထို့အပြင်ဒါဝိဒ်မင်းက၊``သူတို့၏စားသောက်ပွဲများသည်သူတို့အတွက် ကျော့ကွင်းကဲ့သို့လည်းကောင်း၊ထောင်ချောက်ကဲ့သို့လည်းကောင်းဖမ်းမိလျက် ဒဏ်ခတ်ခံရပါစေသော။