19. သို့သော်သင်တို့က ``အကျွန်ုပ်တို့အားနေရာ ပေးရန်သံလွင်ယဉ်ကိုင်းများကိုခုတ်ဖြတ် သည်မဟုတ်ပါလော'' ဟုဆိုလိမ့်မည်။-
20. သင်တို့ဆိုသည်အတိုင်းလည်းမှန်၏။ ထိုသူတို့ ခုတ်ဖြတ်ခြင်းခံရကြသည်မှာသူတို့သည် ဘုရားသခင်ကိုယုံကြည်မှုမရှိကြသော ကြောင့်ဖြစ်၏။ သင်တို့မူကားကိုယ်တော်ကို ယုံကြည်သဖြင့်သံလွင်ပင်၏တစ်စိတ်တစ် ဒေသဖြစ်လာရ၏။ သို့သော်သင်တို့ကိုယ်ကို အထင်မကြီးဘဲကြောက်ရွံ့ခြင်းရှိကြလော့။-
21. ဘုရားသခင်သည်သံလွင်ပင်မှနဂိုမူရင်း အကိုင်းများသဖွယ်ဖြစ်ကြသူ ယုဒအမျိုး သားတို့ကိုသက်ညှာတော်မမူလျှင် အဘယ် သို့လျှင်သင်တို့ကိုသက်ညှာတော်မူမည်နည်း။-
22. ဤတွင်ဘုရားသခင်သည်အဘယ်မျှသနား ကြင်နာတော်မူတတ်ကြောင်းနှင့်အဘယ်မျှ ပြင်းထန်စွာစီရင်တော်မူတတ်ကြောင်းကိုငါ တို့တွေ့မြင်ကြရ၏။ ကိုယ်တော်သည်လဲသူ တို့ကိုပြင်းစွာစီရင်တော်မူပေသည်။ သို့ သော်လည်းသင်တို့အားသနားကြင်နာတော် မူသည်။ တစ်နည်းအားဖြင့်သင်တို့သည် ကရုဏာတော်ကိုဆက်လက်ခံယူထိုက် အောင်ပြုမူကျင့်ကြံကြလျှင် ကိုယ်တော် သည်သင်တို့အပေါ်၌ကရုဏာထား တော်မူမည်။ ထိုကရုဏာတော်ကိုခံယူ ထိုက်အောင်မပြုမူပါလျှင်သင်တို့ကို လည်းဘုရားသခင်ခုတ်ဖြတ်တော်မူလိမ့်မည်။-
23. ယုဒအမျိုးသားတို့သည်မယုံကြည်သော စိတ်စွန့်၍ယုံကြည်ကြမည်ဆိုပါက အငုတ် တွင်ပြန်လည်ကိုင်းဆက်စိုက်ပျိုးခြင်းကိုခံရ ကြလိမ့်မည်။ ဘုရားသခင်သည်ဤအမှုကို ပြုတော်မူနိုင်၏။-
24. လူမျိုးခြားဖြစ်သူသင်တို့အားမိမိတို့၏ နဂိုမူရင်းရိုင်းသောသံလွင်မှခုတ်ဖြတ်၍ သင် တို့၏နဂိုမူရင်းမဟုတ်သည့်ယဉ်သောသံလွင် တွင်ကိုင်းဆက်စိုက်ပျိုးတော်မူပါလျှင် ယဉ်သော သံလွင်၏နဂိုမူရင်းအကိုင်းများဖြစ်သည့် ယုဒအမျိုးသားတို့အား မူရင်းသံလွင်ပင် တွင်ပိုမိုလွယ်ကူစွာပြန်လည်ကိုင်းဆက် စိုက်ပျိုးတော်မူမည်မဟုတ်လော။