ရော​မ 11:1-4 Common Language Bible (BCL)

1. သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု​တော် အား ပစ်​ပယ်​တော်​မူ​ပြီ​လော​ဟု​မေး​သော်​ဧ​ကန် မု​ချ​ပစ်​ပယ်​တော်​မ​မူ။ ငါ​ကိုယ်​တိုင်​ပင်​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား၊ အာ​ဗြ​ဟံ​မှ​ဆင်း သက်​သူ၊ ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ဖြစ်​၏။-

2. ဘု​ရား​သ​ခင်​သည်​အ​စ​မူ​လ​က​တည်း​က မိ​မိ​ရွေး​ကောက်​ထား​တော်​မူ​သော​လူ​စု​တော် ကို​ပစ်​ပယ်​တော်​မ​မူ။ ကျမ်း​စာ​တော်​တွင်​ဧ​လိ​ယ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ဆန့်​ကျင်​၍ ဘု​ရား​သ​ခင်​ထံ​လျှောက်​ထား​သည့်​စာ​ပိုဒ်​ကို သင်​တို့​သိ​ကြ​၏။-

3. ထို​လျှောက်​ထား​ချက်​တွင်​ဧ​လိ​ယ​က``ထာ​ဝ​ရ ဘု​ရား​ရှင်၊ ထို​သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ရော ဖက်​များ​ကို​သတ်​ဖြတ်​ခဲ့​ကြ​ပါ​ပြီ။ ကိုယ်​တော် ၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ် တစ်​ဦး​တည်း​သာ​ကျန်​ပါ​၏။ အ​ကျွန်ုပ်​ကို​လည်း သူ​တို့​သတ်​ရန်​ကြိုး​စား​လျက်​နေ​ကြ​ပါ​၏'' ဟု​ဆို​၏။-

4. သို့​ရာ​တွင်​ဧ​လိ​ယ​အား​ဘု​ရား​သ​ခင်​အ​ဘယ် သို့​ပြန်​၍​မိန့်​တော်​မူ​သ​နည်း။ ကိုယ်​တော်​က``ငါ သည်​ဗာ​လ​ရုပ်​တု​အား​ဦး​မ​ညွှတ်၊ ရှိ​မ​ခိုး​သူ လူ​ခု​နစ်​ထောင်​ကို​ငါ​၏​အ​တွက်​ချန်​ထား ပြီ'' ဟု​မိန့်​တော်​မူ​၏။-

ရော​မ 11