13. ကျမ်းစာတော်က ``ထာဝရဘုရားရှင်အား ဆုတောင်းသူဟူသမျှတို့သည် ကယ်တင်ခြင်း ကိုခံရကြလိမ့်မည်'' ဟုဖော်ပြသည့်အတိုင်း ဖြစ်သတည်း။
14. သို့ရာတွင်ထိုသူတို့သည်ကိုယ်တော်ကိုယုံကြည် မှုမရှိလျှင် အဘယ်သို့ကိုယ်တော်ထံသို့ပတ္ထနာ ပြုနိုင်မည်နည်း။ နှုတ်ကပတ်တရားတော်ကို မကြားလျှင်အဘယ်သို့ယုံကြည်နိုင်မည်နည်း။ နှုတ်ကပတ်တရားတော်ကိုဟောပြောကြေညာ သူမရှိလျှင်အဘယ်သို့ကြားနိုင်မည်နည်း။-
15. ဟောပြောကြေညာသူများကိုမစေလွှတ် လျှင် အဘယ်သို့နှုတ်ကပတ်တရားတော်ကို ဟောပြောကြေညာနိုင်မည်နည်း။ ကျမ်းစာ တော်တွင်ဖော်ပြပါရှိသည်အတိုင်း``သတင်း ကောင်းကိုယူဆောင်လာသူတို့၏ခြေတို့သည် လွန်စွာတင့်တယ်စွတကား။-''
16. သို့ရာတွင်ထိုသတင်းကောင်းကိုလူတိုင်း မယုံကြ။ ဟေရှာယကိုယ်တိုင်က``အို ထာဝရ ဘုရားရှင်၊ အကျွန်ုပ်တို့ကြေညာသောသတင်း ကိုအဘယ်သူယုံပါသနည်း'' ဟုဆိုသည်။-