ရော​မ 10:11-21 Common Language Bible (BCL)

11. ကျမ်း​စာ​တော်​က``မည်​သူ​မ​ဆို​ကိုယ်​တော်​ကို ယုံ​ကြည်​လျှင်​စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​သည်။-

12. ယု​ဒ​လူ​မျိုး၊ လူ​မျိုး​ခြား​ဟူ​၍​ခွဲ​ခြား​မှု မ​ရှိ​တော့​သ​ဖြင့်​လူ​တိုင်း​ပါ​ဝင်​၏။ ဘု​ရား သ​ခင်​သည်​လူ​အ​ပေါင်း​တို့​၏​အ​ရှင်​သ​ခင် ဖြစ်​တော်​မူ​၍ ကိုယ်​တော်​အား​ဆု​တောင်း​သ​မျှ သော​သူ​တို့​အား​ကြွယ်​ဝ​စွာ​ကောင်း​ချီး​ပေး တော်​မူ​၏။-

13. ကျမ်း​စာ​တော်​က ``ထာ​ဝ​ရ​ဘု​ရား​ရှင်​အား ဆု​တောင်း​သူ​ဟူ​သ​မျှ​တို့​သည် ကယ်​တင်​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း ဖြစ်​သ​တည်း။

14. သို့​ရာ​တွင်​ထို​သူ​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် မှု​မ​ရှိ​လျှင် အ​ဘယ်​သို့​ကိုယ်​တော်​ထံ​သို့​ပတ္ထနာ ပြု​နိုင်​မည်​နည်း။ နှုတ်​က​ပတ်​တ​ရား​တော်​ကို မ​ကြား​လျှင်​အ​ဘယ်​သို့​ယုံ​ကြည်​နိုင်​မည်​နည်း။ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ သူ​မ​ရှိ​လျှင်​အ​ဘယ်​သို့​ကြား​နိုင်​မည်​နည်း။-

15. ဟော​ပြော​ကြေ​ညာ​သူ​များ​ကို​မ​စေ​လွှတ် လျှင် အ​ဘယ်​သို့​နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြေ​ညာ​နိုင်​မည်​နည်း။ ကျမ်း​စာ တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သည်​အ​တိုင်း``သ​တင်း ကောင်း​ကို​ယူ​ဆောင်​လာ​သူ​တို့​၏​ခြေ​တို့​သည် လွန်​စွာ​တင့်​တယ်​စွ​တ​ကား။-''

16. သို့​ရာ​တွင်​ထို​သ​တင်း​ကောင်း​ကို​လူ​တိုင်း မ​ယုံ​ကြ။ ဟေ​ရှာ​ယ​ကိုယ်​တိုင်​က``အို ထာ​ဝ​ရ ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​တို့​ကြေ​ညာ​သော​သ​တင်း ကို​အ​ဘယ်​သူ​ယုံ​ပါ​သ​နည်း'' ဟု​ဆို​သည်။-

17. သို့​ဖြစ်​၍​နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား နာ​ခြင်း​ကြောင့်​ယုံ​ကြ​၏။ ခ​ရစ်​တော်​အ​ကြောင်း ဟော​ပြော​ခြင်း​ကြောင့်​နှုတ်​က​ပတ်​တ​ရား​တော် ကို​ကြား​နာ​ရ​၏။

18. သို့​ရာ​တွင်​လူ​တို့​သည်​ထို​နှုတ်​က​ပတ်​တ​ရား တော်​ကို​ကြား​နာ​ခွင့်​မ​ရ​ကြ​သ​လော​ဟု​ငါ မေး​လို​၏။ သူ​တို့​သည်​ကြား​နာ​ခွင့်​ကို​အ​မှန် ပင်​ရ​ကြ​၏။ ကျမ်းစာ​တော်​က၊``နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​သူ​တို့​၏အ​သံ​သည်​ကမ္ဘာ​မြေ​တစ်​ဝန်း​လုံး​တွင်​ပျံ့​နှံ့​သွား​၏။သူ​တို့​၏​တ​ရား​စ​ကား​များ​သည်​ကမ္ဘာ​အ​စွန် အ​ဖျား သို့​တိုင်​အောင်​ရောက်​ရှိ​လေ​ပြီ''ဟု​ဆို​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။-

19. တစ်​ဖန်​ငါ​မေး​ဦး​မည်။ ဣသ​ရေ​လ​အ​မျိုး​သား တို့​သည် ထို​အ​မှု​အ​ရာ​ကို​မ​သိ​နား​မ​လည် ကြ​သ​လော။ မော​ရှေ​က၊``ငါ​သည်​မ​ရေ​ရာ​သော​လူ​မျိုး​ကို​အ​သုံး​ပြု သ​ဖြင့်ငါ​၏​လူ​စု​တော်​အား​မ​နာ​လို​စိတ်​ရှိ​စေ​မည်။မိုက်​မဲ​သော​လူ​မျိုး​အား​ဖြင့်​ငါ​၏​လူ​စု​တော်​အား အ​မျက်​ထွက်​စေ​မည်''ဟု​ဦး​စွာ​ပ​ထ​မ​ဖြေ​ကြား​၏။

20. ဟေ​ရှာ​ယ​က၊``ငါ့​ကို​မ​ရှာ​သော​သူ​တို့​သည်​ငါ့​ကို​တွေ့​ရှိ ကြ​၏။ငါ​၏​အ​ကြောင်း​ကို​မ​စုံ​စမ်း​မ​မေး​မြန်း​သော သူ​တို့​သည်​ငါ့​ကို​ဖူး​မြင်​ရ​ကြ​၏''ဟု​ပို​၍​ပင်​ပြတ်​သား​စွာ​ဆို​၏။-

21. သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ပတ်​သက်​၍​မူ​ကား``ငါ့​ကို​ဆန့်​ကျင်​ပုန်​ကန်​၍ ငါ​၏​စ​ကား​ကို​မ​နာ​ခံ​သော​လူ​မျိုး​အား ငါ​သည်​တစ်​နေ​ကုန်​လက်​ကမ်း​လျက်​ရှိ​၏'' ဟု ဟေ​ရှာ​ယ​ဆို​၏။

ရော​မ 10