1. သတင်းကောင်းကိုကြေညာရန်တမန်တော် အဖြစ်ဖြင့် ဘုရားသခင်ရွေးချယ်ခန့်ထားသူ၊ ခရစ်တော်ယေရှု၏အစေခံငါပေါလုသည် စာရေးလိုက်ပါသည်။-
2. ရှေးအခါကဘုရားသခင်သည်မိမိ၏ ပရောဖက်များအားဖြင့် ထိုသတင်းကောင်း ကိုကတိထားတော်မူခဲ့ကြောင်းကျမ်းစာ တော်ကဖော်ပြ၏။-
3. ထိုသတင်းကောင်းကားဘုရားသခင်၏သား တော် ငါတို့၏အရှင်သခင်ယေရှုခရစ်အကြောင်း ပင်ဖြစ်ပေသည်။ ထိုအရှင်သည်လူ့ဇာတိအား ဖြင့်ဒါဝိဒ်မင်းမှဆင်းသက်တော်မူသည်။-
4. ဘုရားဇာတိအားဖြင့်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းကိုပေါ်လွင်ထင်ရှားစေရန် ဘုရားသခင်သည်မဟာတန်ခိုးတော်အား ဖြင့်ထိုအရှင်ကိုသေခြင်းမှထမြောက်စေ တော်မူ၏။-