ရု​သ 4:1-9 Common Language Bible (BCL)

1. ဗော​ဇ​သည်​မြို့​တံ​ခါး​ဝ​ရှိ​တ​ရား​စီ​ရင်​ရာ ဌာ​န​သို့ သွား​၍​ထိုင်​လျက်​နေ​၏။ ထို​အ​ခါ ဧ​လိ​မ​လက်​၏​အ​ရင်း​အ​ချာ​ဆုံး​သော​ဆွေ မျိုး​သား​ချင်း​ဖြစ်​သူ​သည် ရောက်​ရှိ​လာ​လေ သည်။ ထို​သူ​ကား​ယ​ခင်​က​ဗော​ဇ​ဖော်​ပြ​ခဲ့ သူ​ပင်​ဖြစ်​၏။ ဗော​ဇ​က​သူ့​အား``မိတ်​ဆွေ၊ ဤ နေ​ရာ​သို့​လာ​၍​ထိုင်​ပါ​လော့'' ဟု​ဆို​သ​ဖြင့် သူ​သည်​လာ​၍​ထိုင်​၏။-

2. ထို​နောက်​ဗော​ဇ​သည်​အ​ကြီး​အ​ကဲ​တစ်​ကျိပ် ကို​လည်း​ပင့်​ဖိတ်​ပြီး​လျှင် ထို​အ​ရပ်​တွင်​ထိုင် စေ​၏။ သူ​တို့​ထိုင်​ကြ​သော​အ​ခါ၊-

3. သူ​သည်​မိ​မိ​၏​သား​ချင်း​အား``ယ​ခု​အ​ခါ နော​မိ​သည်​မော​ဘ​ပြည်​မှ​ပြန်​လာ​ပြီ။ သူ သည်​ငါ​တို့​သား​ချင်း​ဧ​လိ​မ​လက်​ပိုင် သည့်​လယ်​မြေ​ကို​ရောင်း​ချ​လို​ပါ​သည်။-

4. ဤ​အ​ကြောင်း​ကို​သင်​သိ​သင့်​သည်​ဟု ငါ​ထင် မြင်​ပါ​၏။ အ​ကယ်​၍​သင်​ဝယ်​လို​ပါ​က​ယ​ခု ထိုင်​လျက်​နေ​သည့်​လူ​ကြီး​များ​၏​ရှေ့​မှောက် တွင်​ဝယ်​ယူ​ပါ​လော့။ သို့​ရာ​တွင်​မ​ဝယ်​လို​လျှင် မူ​ကား မ​ဝယ်​လို​ကြောင်း​ပြော​ပါ​လော့။ သင် မ​ဝယ်​မှ​ငါ​ဝယ်​ယူ​နိုင်​ခွင့်​ရှိ​ပါ​သည်'' ဟု ဆို​၏။ထို​သူ​က​လည်း``ငါ​ဝယ်​ယူ​ပါ​မည်'' ဟု ပြန်​ပြော​၏။

5. ဗော​ဇ​က``ထို​လယ်​မြေ​ကို​နော​မိ​ထံ​မှ​သင် ဝယ်​ယူ​ပါ​လျှင် ထို​လယ်​မြေ​သည်​သေ​လွန် သူ​၏​အိမ်​ထောင်​စု​လက်​ဝယ်​ဆက်​လက်​တည် ရှိ​နေ​စေ​ရန်​မော​ဘ​အ​မျိုး​သ​မီး၊ မု​ဆိုး​မ ဖြစ်​သူ​ရု​သ​ကို​လည်း​ဝယ်​ယူ​ရ​ပါ​မည်'' ဟု​ဆို​၏။

6. ထို​သူ​က``ထို​သို့​ဖြစ်​ပါ​မူ​ငါ့​သား​သ​မီး များ​က ထို​လယ်​မြေ​ကို​အ​မွေ​ခံ​ရ​ကြ​လိမ့် မည်​မ​ဟုတ်​သ​ဖြင့် ဝယ်​ယူ​ပိုင်​ခွင့်​ကို​ငါ​စွန့် လွှတ်​လိုက်​ပါ​ပြီ။ ငါ​မ​ဝယ်​ယူ​လို​တော့​ပါ။ သင်​ပင်​ဝယ်​ယူ​ပါ​လော့'' ဟု​ပြန်​ပြော​၏။

7. ထို​စဉ်​အ​ခါ​က အ​ရောင်း​အ​ဝယ်​ပြု​လုပ်​သည့် အ​ခါ​၌​သော်​လည်း​ကောင်း၊ ပစ္စည်း​ချင်း​လဲ​လှယ် သည့်​အ​ခါ​၌​သော်​လည်း​ကောင်း ရောင်း​သူ​သည် မိ​မိ​ဖိ​နပ်​ကို​ချွတ်​၍ ဝယ်​သူ​အား​ပေး​ရ​သည့် ဋ္ဌ​လေ့​ထုံး​စံ​ရှိ​ပေ​သည်။ ဤ​နည်း​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ရောင်း အ​ဝယ်​ပြီး​ပြတ်​သည့်​အ​ထိမ်း​အ​မှတ်​ကို ပြု​ကြ​၏။

8. သို့​ဖြစ်​၍​ထို​သူ​သည်​ဗော​ဇ​အား``ထို​လယ် မြေ​ကို သင်​ပင်​လျှင်​ဝယ်​ယူ​ပါ​လော့'' ဟု ဆို​၍​မိ​မိ​ဖိ​နပ်​ကို​ချွတ်​ပေး​လေ​သည်။-

9. ထို​အ​ခါ​ဗောဇ​က​မြို့​အ​ကြီး​အ​ကဲ​များ နှင့် အ​ခြား​သူ​အ​ပေါင်း​တို့​အား``ဧ​လိ​မ​လက်၊ ခိ​လျုန်​နှင့်​မ​ဟာ​လုန်​တို့​ပိုင်​သော​ဥစ္စာ​ပစ္စည်း မှန်​သ​မျှ​ကို နော​မိ​ထံ​မှ​ယ​နေ့​ငါ​ဝယ်​ယူ ကြောင်း​သင်​တို့​အ​သိ​သက်​သေ​ဖြစ်​ကြ​၏။-

18-22. ဖာ​ရက်​မှ​ဒါ​ဝိဒ်​တိုင်​အောင် သား​စဉ်​မြေး​ဆက် များ​မှာ​ဖာ​ရက်၊ ဟေ​ဇ​ရုံ၊ အာ​ရံ၊ အ​မိ​န​ဒပ်၊ နာ​ရှုန်၊ စာ​လ​မုန်၊ ဗော​ဇ၊ သြ​ဗက်၊ ယေ​ရှဲ၊ ဒါ​ဝိဒ်​ဟူ​၍​ဖြစ်​သ​တည်း။ ရု​သ​ဝတ္ထု​ပြီး​၏။

ရု​သ 4