4. အချိန်အနည်းငယ်ကြာသောအခါ ဗောဇ ကိုယ်တိုင်ပင်ဗက်လင်မြို့မှရောက်ရှိလာလျက် မိမိ၏အလုပ်သမားများအား``ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိတော်မူ ပါစေသော'' ဟုဆို၍နှုတ်ဆက်၏။ကောက်ရိတ်သမားများက``ထာဝရဘုရား သည် အရှင့်အားကောင်းချီးပေးတော်မူပါစေ သော'' ဟုပြန်ပြောကြ၏။
5. ဗောဇသည်အလုပ်သမားခေါင်းဆောင် အား``ထိုသူငယ်မသည်အဘယ်သူဖြစ် ပါသနည်း'' ဟုမေး၏။
6. အလုပ်သမားခေါင်းဆောင်က``ထိုသူငယ်မ သည် မောဘပြည်မှနောမိနှင့်အတူလိုက်လာ သည့်မောဘအမျိုးသမီးဖြစ်ပါသည်။-
7. သူသည်ကောက်ရိတ်သမားများ၏နောက်မှ လိုက်၍ ကောက်သင်းကောက်ခွင့်ကိုကျွန်တော် ၏ထံတွင်တောင်းခံကာ နံနက်စောစောမှစ ၍ကောက်သင်းကောက်လျက်နေခဲ့ပါ၏။ ယခု မှသာလျှင်လယ်တဲတွင်ခေတ္တနားနေပါသည်'' ဟုပြန်လည်ဖြေကြား၏။
8. ထိုအခါဗောဇကရုသအား``နားထောင်ပါ ငါ့သမီး၊ ဤလယ်ကွင်းမှတစ်ပါးအခြား လယ်ကွင်းများသို့သွား၍ ကောက်သင်းမကောက် ပါနှင့်။ ဤလယ်ကွင်းတွင်နေ၍အမျိုးသမီး များနှင့်အတူလုပ်ဆောင်ပါလော့။-
9. သူတို့အဘယ်နေရာတွင်ကောက်ရိတ်ကြသည် ကိုစောင့်၍ ကြည့်ကာသူတို့နှင့်အတူလိုက်သွား ပါလော့။ သင့်အားအနှောင့်အယှက်မပေးရန် ငါ၏အလုပ်သမားများကိုမှာထားပြီ။ သင် ရေငတ်သည့်အခါအိုးထားရာသို့သွား၍ သူ တို့ခပ်ထားသည်ရေကိုသောက်ပါလော့'' ဟု ဆို၏။