ရု​သ 2:18-23 Common Language Bible (BCL)

18. သူ​သည်​ထို​စပါး​ကို​ယူ​၍​မြို့​သို့​ပြန်​ပြီး လျှင် မိ​မိ​၏​ယောက္ခ​မ​အား​ပြ​၏။ မိ​မိ​ချန် ထား​သည့်​အ​စား​အ​စာ​ကို​လည်း​ပေး​၏။-

19. နော​မိ​က``သင်​သည်​ယ​နေ့​အ​ဘယ်​မှာ​ကောက် သင်း​ကောက်​ခဲ့​ပါ​သ​နည်း။ မည်​သူ့​လယ်​တွင် ကောက်​ခဲ့​ပါ​သ​နည်း။ ဘု​ရား​သ​ခင်​သည် သင့် ကို​ကြည့်​ရှု​သူ​အား​ကောင်း​ချီး​ပေး​တော် မူ​ပါ​စေ​သော'' ဟု​ဆို​၏။သို့​ဖြစ်​၍​ရု​သ​သည်​ဗော​ဇ​အ​မည်​ရှိ​သူ​လူ တစ်​ဦး​၏​လယ်​တွင် မိ​မိ​ကောက်​သင်း​ကောက်​ခဲ့ ကြောင်း​ကို​နော​မိ​အား​ပြော​ပြ​လေ​သည်။

20. နော​မိ​က​လည်း``ထာ​ဝ​ရ​ဘု​ရား​သည် ဗော​ဇ အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ ဘု​ရား​သည်​အ​သက်​ရှင်​သူ၊ သေ​သူ​တို့​အား မိ​မိ​ထား​ရှိ​သည့်​က​တိ​တော်​တို့​ကို​အ​စဉ် အ​မြဲ​တည်​စေ​တော်​မူ​ပါ​၏'' ဟု​ဆို​ပြီး​လျှင် ဆက်​လက်​၍``ဤ​သူ​သည်​ငါ​တို့​နှင့်​ဆွေ​မျိုး ရင်း​ချာ​တော်​စပ်​၍ ငါ​တို့​အား​ကြည့်​ရှု​စောင့် ရှောက်​ရန်​အ​တွက်​တာ​ဝန်​ရှိ​သူ​တစ်​ဦး​ဖြစ် သည်'' ဟု​ဆို​၏။

21. ထို​အ​ခါ​ရု​သ​က``မု​ယော​စ​ပါး​ကို​အ​လုပ် သ​မား​တို့​ရိတ်​သိမ်း​ကာ​လ​မ​ကုန်​မ​ချင်း ကောက်​သင်း​လာ​၍ ကောက်​ရန်​ကျွန်​မ​အား​သူ မှာ​ကြား​လိုက်​ပါ​သည်'' ဟု​ပြော​၏။

22. နော​မိ​သည်​ရု​သ​အား``ငါ့​သ​မီး၊ သင်​သည် အ​ခြား​သူ​တစ်​ဦး​တစ်​ယောက်​၏​လယ်​သို့ သွား​ခဲ့​သော် အ​နှောင့်​အ​ယှက်​ခံ​ကောင်း​ခံ ရ​ပေ​လိမ့်​မည်။-''

23. သို့​ဖြစ်​၍​ရု​သ​သည်​ဗော​ဇ​၏​လယ်​၌​ပင် အ​မျိုး​သ​မီး​များ​နှင့်​အ​တူ​လုပ်​ဆောင်​ကာ မု​ယော​စပါး​နှင့်​ဂျုံ​စပါး​များ​ရိတ်​သိမ်း​ပြီး သည်​တိုင်​အောင် ကောက်​သင်း​ကောက်​လျက်​နေ​၏။ သူ​သည်​မိ​မိ​၏​ယောက္ခ​မ​နှင့်​အ​တူ​ဆက် လက်​၍​နေ​ထိုင်​လေ​သည်။

ရု​သ 2