1. နောမိတွင်ဗောဇဆိုသူ ဆွေမျိုးတစ်ဦးရှိ ၏။ သူသည်နောမိ၏ခင်ပွန်းဧလိမလက်၏ သားချင်းစုဝင်၊ ချမ်းသာကြွယ်ဝ၍ သြဇာ ရှိသူတစ်ဦးဖြစ်ပေသည်။-
2. ရုသကနောမိအား``ကောက်ရိတ်သူတို့ချန် ထားခဲ့သည့်ကောက်သင်းကိုကောက်ရန် ကျွန်မ အားလယ်ကွင်းများသို့သွားခွင့်ပြုပါ။ ကျွန် မသည်ဤသို့ကောက်ခွင့်ပြုမည့်တစ်စုံတစ် ယောက်ကိုတွေ့ပါလိမ့်မည်'' ဟုဆိုလျှင်၊နောမိကလည်း``ငါ့သမီး၊ သွားလေတော့'' ဟုပြန်ပြော၏။
3. သို့ဖြစ်၍ရုသသည်လယ်ကွင်းများသို့သွား ပြီးလျှင် ကောက်ရိတ်သမားများ၏နောက်မှ လိုက်၍ သူတို့ချန်ထားခဲ့သည့်ကောက်သင်း ကိုကောက်၏။ သူသွားရောက်မိသည့်လယ်ကွင်း မှာဗောဇပိုင်သောလယ်ကွင်းဖြစ်နေသည်။
4. အချိန်အနည်းငယ်ကြာသောအခါ ဗောဇ ကိုယ်တိုင်ပင်ဗက်လင်မြို့မှရောက်ရှိလာလျက် မိမိ၏အလုပ်သမားများအား``ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိတော်မူ ပါစေသော'' ဟုဆို၍နှုတ်ဆက်၏။ကောက်ရိတ်သမားများက``ထာဝရဘုရား သည် အရှင့်အားကောင်းချီးပေးတော်မူပါစေ သော'' ဟုပြန်ပြောကြ၏။
5. ဗောဇသည်အလုပ်သမားခေါင်းဆောင် အား``ထိုသူငယ်မသည်အဘယ်သူဖြစ် ပါသနည်း'' ဟုမေး၏။
6. အလုပ်သမားခေါင်းဆောင်က``ထိုသူငယ်မ သည် မောဘပြည်မှနောမိနှင့်အတူလိုက်လာ သည့်မောဘအမျိုးသမီးဖြစ်ပါသည်။-