ရု​သ 1:4-10 Common Language Bible (BCL)

4. ထို​သား​တို့​သည်​မော​ဘ​အ​မျိုး​သ​မီး​များ ဖြစ်​ကြ​သော​သြ​ရ​ပ၊ ရု​သ​တို့​နှင့်​အိမ်​ထောင် ကျ​ကြ​၏။ သူ​တို့​သည်​ထို​ပြည်​တွင်​ဆယ်​နှစ် ခန့်​နေ​ထိုင်​ကြ​ပြီး​နောက်၊-

5. မ​ဟာ​လုန်​နှင့်​ခိ​လျှုန်​တို့​သည်​လည်း​ကွယ်​လွန် သွား​ကြ​ပြန်​၏။ သို့​ဖြစ်​၍​နော​မိ​သည်​လင် သား​မဲ့​အ​ထီး​ကျန်​ဖြစ်​လေ​တော့​၏။

6. ကာ​လ​အ​တန်​ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား သည်​ကောက်​ပဲ​သီး​နှံ​အ​ထွက်​များ​စေ​ခြင်း​အား ဖြင့် မိ​မိ​၏​လူ​စု​အား​ကောင်း​ချီး​ပေး​တော်​မူ ကြောင်း​သ​တင်း​ကို​နော​မိ​ကြား​ရ​လေ​သည်။ သို့ ဖြစ်​၍​သူ​သည်​မိ​မိ​၏​ချွေး​မ​များ​နှင့်​အ​တူ မော​ဘ​ပြည်​မှ​ထွက်​ခွာ​ရန်​အ​သင့်​ပြင်​လေ​၏။-

7. ယု​ဒ​ပြည်​သို့​စ​တင်​ထွက်​ခွာ​လာ​ကြ​စဉ်၊-

8. နော​မိ​က​ချွေး​မ​များ​အား``သင်​တို့​သည် ကိုယ့်​မိ​ခင်​များ​အိမ်​သို့​ပြန်​ကြ​လော့။ သင်​တို့​သည်​ငါ​၏​အ​ပေါ်​၌​သော်​လည်း​ကောင်း၊ ကွယ်​လွန်​သွား​သူ​တို့​၏​အ​ပေါ်​၌​လည်း​ကောင်း ကျေး​ဇူး​ပြု​ခဲ့​ကြ​သည်​နည်း​တူ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။-

9. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှစ်​ယောက် စ​လုံး​အား နောက်​အိမ်​ထောင်​နှင့်​ပျော်​ရွှင်​စွာ နေ​ထိုင်​ခွင့်​ကို​ပေး​သ​နား​တော်​မူ​ပါ​စေ သော'' ဟု​ဆို​၏။ဤ​သို့​ဆို​ပြီး​လျှင်​နော​မိ​သည် သူ​တို့​အား နမ်း​ရှုတ်​နှုတ်​ဆက်​လေ​၏။ သို့​ရာ​တွင်​သူ​တို့ သည်​ငို​ကြွေး​လျက်၊-

10. ``ကျွန်​မ​တို့​သည်​အိမ်​သို့​မ​ပြန်​လို​ပါ။ မိ​ခင် နှင့်​အ​တူ မိ​ခင်​၏​အ​မျိုး​သား​များ​ထံ​သို့ လိုက်​ပါ​မည်'' ဟု​ဆို​ကြ​၏။

ရု​သ 1