ယေ​ရ​မိ 9:15-25-26 Common Language Bible (BCL)

15. သို့​ဖြစ်​၍​သူ​တို့​အား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘုရား​သည် အ​ဘယ်​သို့​ပြု​တော် မူ​မည်​ကို​နား​ထောင်​လော့။ ငါ​သည်​မိ​မိ​၏ လူ​မျိုး​တော်​အား​ခါး​သော​ဒေါ​န​ပင်​ကို ကျွေး​၍ အ​ဆိပ်​ပါ​သော​ရေ​ကို​သောက်​စေ​မည်။-

16. ငါ​သည်​သူ​တို့​နှင့်​သူ​တို့​ဘိုး​ဘေး​များ​ပင် မ​ကြား​ဘူး​သည့်​လူ​မျိုး​များ​အ​ထဲ​တွင် သူ တို့​အား​ပျံ့​လွင့်​သွား​စေ​မည်။ ထို​နောက်​သူ​တို့ အား​လုံး​ဝ​ပျက်​စီး​သည့်​တိုင်​အောင် တိုက်​ခိုက် ရန်​စစ်​တပ်​များ​ကို​ငါ​စေ​လွှတ်​မည်'' ဟု​မိန့် တော်​မူ​၏။

17. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ``စဉ်း​စား​ဆင်​ခြင်​ကြ​လော့။ငို​ချင်း​သည်​များ၊မ​သာ​သီ​ချင်း​ကို​ကျွမ်း ကျင်​စွာ သီ​ဆို​တတ်​သူအ​မျိုး​သ​မီး​များ​အား​ခေါ်​ယူ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

18. လူ​တို့​က​လည်း``ငါ​တို့​မျက်​စိ​များ​သည် မျက်​ရည်​နှင့်​ပြည့်​လျက်ငါ​တို့​မျက်​ခွံ​များ​သည်​ငို​ရ​လွန်း​သ​ဖြင့်​မျက် ရည်​နှင့် စို​စွတ်​လျက်​နေ​သည်​တိုင်​အောင်မ​သာ​သီ​ချင်း​ကို​သီ​ဆို​ပေး​နိုင်​ရန်​ငို​ချင်း​သည် တို့​အား အ​မြန်​ခေါ်​ယူ​ကြ​လော့'' ဟု​ဆို​ကြ​၏။

19. ``ငါ​တို့​သည်​ဆုံး​ပါး​ပျက်​စီး​လျက်၊လုံး​ဝ အ​သ​ရေ​ပျက် ရ​ကြ​လေ​ပြီ​တ​ကား။ငါ​တို့​၏​အိမ်​ရာ​များ​သည်​ပြို​ပျက်​သွား​ပြီ​ဖြစ်​၍ငါ​တို့​သည်​မိ​မိ​တို့​ပြည်​ကို​စွန့်​ခွာ​ရ​ကြ​ပေ​တော့​မည်'' ဟူ​၍​ဇိ​အုန်​မြို့​သား​တို့​ငို​ကြွေး​မြည်​တမ်း​သံ​ကိုနား​ထောင်​ကြ​လော့​ဟု​ဆို​ကြ​၏။

20. ငါ​က၊``အ​မျိုး​သ​မီး​တို့၊ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သည်​ကို နား​ထောင်​ကြ​လော့။ကိုယ်​တော်​ရှင်​၏​စ​ကား​တော်​တို့​ကို အာ​ရုံ​စိုက်​၍​နာ​ယူ​ကြ​လော့။သင်​တို့​၏​သ​မီး​များ​အား​ငို​ကြွေး​တတ်​ရန် လည်း​ကောင်း၊သင်​တို့​၏​မိတ်​ဆွေ​များ​အား​မ​သာ​သီ​ချင်း​ကိုသီ​ဆို​တတ်​ရန်​လည်း​ကောင်း​သင်​ကြား​ပေး ကြ​လော့။

21. သေ​မင်း​သည်​ငါ​တို့​၏​ပြူ​တင်း​ပေါက်​အား​ဖြင့် ငါ​တို့​ဘုံ​ဗိ​မာန်​များ​သို့​ဝင်​ရောက်​လာ​လေ​ပြီ။သူ​သည်​လမ်း​များ​ပေါ်​ရှိ​က​လေး​သူ​ငယ် တို့​နှင့်၊စျေး​ရပ်​ကွက်​များ​ရှိ​လူ​ငယ်​လူ​ရွယ်​တို့​ကို သတ်​ဖြတ်​လေ​ပြီ။

22. လူ​သေ​ကောင်​တို့​သည်​လယ်​ပြင်​ရှိ​နောက်​ချေး ပုံ​များ ကဲ့​သို့​လည်း​ကောင်း၊ရိတ်​သိမ်း​သူ​စွန့်​ပစ်​ထား​ခဲ့​သည့်​ကောက်​လှိုင်း များ၊အ​ဘယ်​သူ​မျှ​မ​စု​မ​သိမ်း​သည့်​ကောက်​လှိုင်း များ ကဲ့​သို့​လည်း​ကောင်း​ပြန့်​ကျဲ​လျက်​နေ​လိမ့်​မည်။ဤ​ကား​ငါ​ပြန်​ကြား​ပြော​ဆို​ရန်​အ​တွက်ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သော​စ​ကား ဖြစ်​၏'' ဟု​ဆို​၏။

23. ထာ​ဝ​ရ​ဘု​ရား​က၊``ပ​ညာ​ရှိ​သည်​မိ​မိ​ဉာဏ်​ပ​ညာ​ရှိ​မှု၊ ခွန်​အား​ကြီး​မား​သူ​သည်​မိ​မိ​ခွန်​အား​ကြီး မား​မှု၊ချမ်း​သာ​ကြွယ်​ဝ​သူ​သည်​မိ​မိ​ချမ်း​သာ ကြွယ်​ဝ​မှု​၌ မ​ဝါ​မ​ကြွား​အပ်။

24. အ​ကယ်​၍​ဝါ​ကြွား​လို​သူ​လူ​တစ်​စုံ​တစ်​ယောက် ရှိ​ပါ​မူထို​သူ​သည်​ငါ​၏​အ​ကြောင်း​ကို​သိ​ရှိ​နား​လည်​မှု ၌​သာ​လျှင်​ဝါ​ကြွား​ရာ​၏။အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​၏​မေတ္တာ​သည်​ခိုင်​မြဲ​၍ငါ​ပြု​သော​အ​မှု​သည်​တ​ရား​မျှ​တ​မှု၊ ဖြောင့်​မတ်​မှန်​ကန်​မှု​ရှိ​သော​ကြောင့်​ဖြစ်​၏။ဤ​အ​မှု​တို့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏။ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ပင်​တည်း'' ဟု​မိန့်​တော်​မူ​၏။

25-26. ထာ​ဝ​ရ​ဘု​ရား​က``အီ​ဂျစ်​ပြည်​သား​များ၊ ယု​ဒ ပြည်​သား​များ၊ ဧ​ဒုံ​ပြည်​သား​များ၊ အမ္မုန်​ပြည် သား​များ၊ မော​ဘ​ပြည်​သား​များ​နှင့်​သဲ​ကန္တာ​ရ တွင်​နေ​ထိုင်​ကာ ဆံ​ပင်​တို​ထား​သော​လူ​မျိုး အား​ငါ​အ​ပြစ်​ဒဏ်​ခတ်​မည့်​နေ့​ရက်​ကာ​လ ကျ​ရောက်​လာ​တော့​မည်။ ထို​သူ​အ​ပေါင်း​တို့ သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏​သင်္ကေ​တ​ဖြစ် သည့်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​သော်​လည်း ငါ​၏​ပ​ဋိ​ညာဉ်​တော်​ကို​မ​စောင့်​ထိန်း​ကြ။ ထို သူ​အ​ပေါင်း​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့ သည်​ငါ​၏​ပ​ဋိ​ညာဉ်​ကို​မ​စောင့်​ထိန်း​ကြ'' ဟု​မိန့်​တော်​မူ​၏။

ယေ​ရ​မိ 9