ယေ​ရ​မိ 9:10-22 Common Language Bible (BCL)

10. ယေ​ရ​မိ​က``တောင်​ရိုး​များ​အ​တွက်​ငါ​မြည် တမ်း​မည်။ မြက်​ခင်း​များ​အ​တွက်​ငါ​ငို​ကြွေး​မည်။အ​ဘယ်​ကြောင့်​ဆို​သော်​စား​ကျက်​တို့​သည် ခြောက်​သွေ့​သွား​၍ဖြတ်​သန်း​သွား​လာ​မည့်​သူ​ကင်း​မဲ့​လျက် နေ​သော​ကြောင့်​ဖြစ်​၏။သိုး​နွား​မြည်​သံ​ကို​မ​ကြား​ရ​ကြ​တော့​ပေ။ငှက်​များ၊တော​တိ​ရစ္ဆာန်​များ​သည်​လည်း ထွက်​ပြေး​ကြ​လေ​ပြီ'' ဟု​ဆို​၏။

11. ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ယေ​ရု​ရှ​လင် မြို့​ကို တော​ခွေး​များ​ခို​အောင်း​ရာ၊အ​ဆောက်​အ​အုံ​ပျက်​များ​စု​ဝေး​ရာ​အ​ရပ် ဖြစ်​စေ​မည်။ယု​ဒ​မြို့​တို့​သည်​လည်း​လူ​သူ​ဆိတ်​ညံ​ရာ သဲ​ကန္တာရ ဖြစ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

12. ငါ​က``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကြောင့် ဤ​ပြည်​သည်​ဖြတ်​သန်း​သွား​လာ​၍​မ​ရ၊ ယို ယွင်း​ပျက်​စီး​လျက်​သဲ​ကန္တာ​ရ​သ​ဖွယ်​ဖြစ် ၍​နေ​ပါ​သ​နည်း။ ဤ​အ​မှု​အ​ရာ​အ​ကြောင်း ကို​သိ​ရှိ​နိုင်​စွမ်း​ရှိ​သည့်​ပ​ညာ​ရှိ​ကား​အ​ဘယ် သူ​ဖြစ်​ပါ​သ​နည်း။ သူ​တစ်​ပါး​တို့​အား​ထပ် ဆင့်​ပြော​ပြ​နိုင်​ရန်​အ​ဘယ်​သူ​အား ဤ​အ​မှု အ​ရာ​အ​ကြောင်း​ကို​ကိုယ်​တော်​ရှင်​ဖော်​ပြ ထား​ပါ​သ​နည်း'' ဟု​လျှောက်​၏။

13. ထာ​ဝ​ရ​ဘု​ရား​က``ဤ​အ​မှု​အ​ရာ​ဖြစ်​ပျက် လာ​သည်​မှာ ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့ အား​ငါ​ပေး​အပ်​ခဲ့​သည့်​သြ​ဝါ​ဒ​ကို​စွန့်​ပယ် ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​ငါ​၏ စ​ကား​ကို​နား​မ​ထောင်။ ငါ​ပြော​ဆို​သည့် အ​တိုင်း​လည်း​မ​ပြု​မ​လုပ်​ကြ။-

14. သူ​တို့​သည်​ခေါင်း​မာ​လျက်​မိ​မိ​ဘိုး​ဘေး များ​သွန်​သင်​ထား​ခဲ့​သည့်​အ​တိုင်း ဗာ​လ ဘု​ရား​ကို​ဝတ်​ပြု​ရှိ​ခိုး​ကြ​၏။-

15. သို့​ဖြစ်​၍​သူ​တို့​အား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘုရား​သည် အ​ဘယ်​သို့​ပြု​တော် မူ​မည်​ကို​နား​ထောင်​လော့။ ငါ​သည်​မိ​မိ​၏ လူ​မျိုး​တော်​အား​ခါး​သော​ဒေါ​န​ပင်​ကို ကျွေး​၍ အ​ဆိပ်​ပါ​သော​ရေ​ကို​သောက်​စေ​မည်။-

16. ငါ​သည်​သူ​တို့​နှင့်​သူ​တို့​ဘိုး​ဘေး​များ​ပင် မ​ကြား​ဘူး​သည့်​လူ​မျိုး​များ​အ​ထဲ​တွင် သူ တို့​အား​ပျံ့​လွင့်​သွား​စေ​မည်။ ထို​နောက်​သူ​တို့ အား​လုံး​ဝ​ပျက်​စီး​သည့်​တိုင်​အောင် တိုက်​ခိုက် ရန်​စစ်​တပ်​များ​ကို​ငါ​စေ​လွှတ်​မည်'' ဟု​မိန့် တော်​မူ​၏။

17. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ``စဉ်း​စား​ဆင်​ခြင်​ကြ​လော့။ငို​ချင်း​သည်​များ၊မ​သာ​သီ​ချင်း​ကို​ကျွမ်း ကျင်​စွာ သီ​ဆို​တတ်​သူအ​မျိုး​သ​မီး​များ​အား​ခေါ်​ယူ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

18. လူ​တို့​က​လည်း``ငါ​တို့​မျက်​စိ​များ​သည် မျက်​ရည်​နှင့်​ပြည့်​လျက်ငါ​တို့​မျက်​ခွံ​များ​သည်​ငို​ရ​လွန်း​သ​ဖြင့်​မျက် ရည်​နှင့် စို​စွတ်​လျက်​နေ​သည်​တိုင်​အောင်မ​သာ​သီ​ချင်း​ကို​သီ​ဆို​ပေး​နိုင်​ရန်​ငို​ချင်း​သည် တို့​အား အ​မြန်​ခေါ်​ယူ​ကြ​လော့'' ဟု​ဆို​ကြ​၏။

19. ``ငါ​တို့​သည်​ဆုံး​ပါး​ပျက်​စီး​လျက်၊လုံး​ဝ အ​သ​ရေ​ပျက် ရ​ကြ​လေ​ပြီ​တ​ကား။ငါ​တို့​၏​အိမ်​ရာ​များ​သည်​ပြို​ပျက်​သွား​ပြီ​ဖြစ်​၍ငါ​တို့​သည်​မိ​မိ​တို့​ပြည်​ကို​စွန့်​ခွာ​ရ​ကြ​ပေ​တော့​မည်'' ဟူ​၍​ဇိ​အုန်​မြို့​သား​တို့​ငို​ကြွေး​မြည်​တမ်း​သံ​ကိုနား​ထောင်​ကြ​လော့​ဟု​ဆို​ကြ​၏။

20. ငါ​က၊``အ​မျိုး​သ​မီး​တို့၊ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သည်​ကို နား​ထောင်​ကြ​လော့။ကိုယ်​တော်​ရှင်​၏​စ​ကား​တော်​တို့​ကို အာ​ရုံ​စိုက်​၍​နာ​ယူ​ကြ​လော့။သင်​တို့​၏​သ​မီး​များ​အား​ငို​ကြွေး​တတ်​ရန် လည်း​ကောင်း၊သင်​တို့​၏​မိတ်​ဆွေ​များ​အား​မ​သာ​သီ​ချင်း​ကိုသီ​ဆို​တတ်​ရန်​လည်း​ကောင်း​သင်​ကြား​ပေး ကြ​လော့။

21. သေ​မင်း​သည်​ငါ​တို့​၏​ပြူ​တင်း​ပေါက်​အား​ဖြင့် ငါ​တို့​ဘုံ​ဗိ​မာန်​များ​သို့​ဝင်​ရောက်​လာ​လေ​ပြီ။သူ​သည်​လမ်း​များ​ပေါ်​ရှိ​က​လေး​သူ​ငယ် တို့​နှင့်၊စျေး​ရပ်​ကွက်​များ​ရှိ​လူ​ငယ်​လူ​ရွယ်​တို့​ကို သတ်​ဖြတ်​လေ​ပြီ။

22. လူ​သေ​ကောင်​တို့​သည်​လယ်​ပြင်​ရှိ​နောက်​ချေး ပုံ​များ ကဲ့​သို့​လည်း​ကောင်း၊ရိတ်​သိမ်း​သူ​စွန့်​ပစ်​ထား​ခဲ့​သည့်​ကောက်​လှိုင်း များ၊အ​ဘယ်​သူ​မျှ​မ​စု​မ​သိမ်း​သည့်​ကောက်​လှိုင်း များ ကဲ့​သို့​လည်း​ကောင်း​ပြန့်​ကျဲ​လျက်​နေ​လိမ့်​မည်။ဤ​ကား​ငါ​ပြန်​ကြား​ပြော​ဆို​ရန်​အ​တွက်ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သော​စ​ကား ဖြစ်​၏'' ဟု​ဆို​၏။

ယေ​ရ​မိ 9