3. ငါကွဲလွင့်စေရာအရပ်များတွင်အသက် မသေဘဲကျန်ရှိသူ၊ ဤဆိုးညစ်သည့်ခေတ် မှလူတို့သည် မိမိတို့ဆက်လက်အသက်ရှင် ရန်ထက်သေရန်ပိုမိုလိုလားတောင့်တကြ လိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု မိန့်တော်မူ၏။
4. လူတို့အားဆင့်ဆိုရန် ထာဝရဘုရားမိန့် တော်မူသည်မှာ``အဘယ်သူသည်လဲကျပြီး နောက်ပြန်မထဘဲနေသနည်း။ အဘယ်သူ သည်လမ်းမှားသွားပြီးနောက်ပြန်မလှည့် ဘဲနေသနည်း။-
5. ယေရုရှလင်မြို့၊ သင်တို့သည်အဘယ်ကြောင့် ငါ့ထံမှထွက်ခွာသွား၍ အဘယ်ကြောင့်ပြန် လှည့်မလာကြသနည်း။ သင်တို့သည်လှည့် ဖြားမှုများကိုစွဲလန်းလျက်နေသဖြင့် ငါ့ ထံသို့ပြန်လာရန်ငြင်းဆန်ကြသည်။-
6. ငါသည်စေ့စေ့နားထောင်သော်လည်းသင်တို့ သည်သစ္စာစကားကိုမပြောကြ။ သင်တို့တွင် အဘယ်သူမျှမိမိတို့ယုတ်မာမှုများအတွက် ဝမ်းမနည်းကြ။ `ငါသည်အဘယ်မကောင်းမှု ကိုပြုမိပါသနည်း' ဟုအဘယ်သူမျှမမေး ကြ။ တိုက်ပွဲသို့အပြင်းပြေးသည့်မြင်းကဲ့ သို့လူတိုင်းမိမိတို့ပြုလိုရာကို ပြုလျက် နေကြ၏။-
7. မိုးကောင်းကင်၌ပျံဝဲလျက်ရှိသောငှက် ကျားပင်လျှင် မိမိပြန်ရမည့်အချိန်သိ၏။ ချိုး၊ ပျံလွှားနှင့်ကြိုးကြာတို့သည်လည်း မိမိ တို့ကျက်စားရာအရပ်၊ ပြောင်းရွှေ့ချိန်ကိုသိ ကြ၏။ သို့ရာတွင်ငါ၏လူမျိုးတော်၊ သင် တို့သည်မိမိတို့အတွက်ထာဝရဘုရား ပြဋ္ဌာန်းထားသည့်တရားတော်ကိုမသိ ကြ။-
8. ငါ၏တရားတော်ကိုသိရှိ၍သင်တို့သည် ပညာရှိကြ၏ဟုအဘယ်သို့လျှင်သင် တို့ဆိုနိုင်ကြမည်နည်း။ ကြည့်ရှုကြလော့၊ မရိုးမဖြောင့်သည့်ကျမ်းကူးဆရာတို့က တရားတော်ကိုပြောင်းလဲစေကြလေပြီ။-
9. သင်တို့၏ပညာရှိများသည်အရှက်ကွဲ ကြ၏။ သူတို့သည်စိတ်ရှုပ်ထွေးလျက်ထောင် ချောက်တွင်မိကြလေပြီ။ သူတို့သည်ငါ၏ နှုတ်ကပတ်တော်ကိုပစ်ပယ်လိုက်ကြပြီ ဖြစ်၍ယခုအခါ၌သူတို့တွင်အဘယ် သို့သောပညာဉာဏ်ရှိတော့မည်နည်း။-
10. သို့ဖြစ်၍သူတို့လယ်ယာများကိုပိုင်ရှင် သစ်များသို့လည်းကောင်း၊ သူတို့ဇနီးများ ကိုအခြားသူတို့ထံသို့လည်းကောင်းငါ ပေးအပ်မည်။ ကြီးငယ်မဟူလူအပေါင်း တို့သည်မတရားစီးပွားရှာကြ၏။ ပရော ဖက်များနှင့်ယဇ်ပုရောဟိတ်များပင်လျှင် လူတို့ကိုလိမ်လည်ကြ၏။-
11. သူတို့သည်ငါ့လူမျိုးတော်၏အနာများ ကိုပေါ့ပေါ့တန်တန်သဘောထား၍ကုသ ကြ၏။ `အစစအရာရာအဆင်မပြေ ချိန်၌အစစအရာရာအဆင်ပြေပါ သည်' ဟုဆိုကြ၏။-
12. ငါ၏လူမျိုးတော်သည်ငါစက်ဆုတ်သည့် အမှုအရာတို့ကိုပြုကျင့်သည့်အတွက်ရှက် ကြောက်ကြသလော။ သင်တို့အလျှင်းမရှက် မကြောက်ကြ။ သင်တို့သည်ရှက်သွေးပင်မသန်း တတ်ကြ။ သို့ဖြစ်၍သင်တို့သည်အခြားသူ များနည်းတူပြိုလဲရကြလိမ့်မည်။ ငါအပြစ် ဒဏ်ခတ်သောအခါသင်တို့နာလန်ထူနိုင် ကြတော့မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
13. ``လူသည်မိမိသီးနှံကိုရိတ်သိမ်းသကဲ့သို့ ငါထာဝရဘုရားသည်မိမိလူမျိုးတော် အားရိတ်သိမ်းလိုသည်။ သို့သော်သူတို့သည် အရွက်များပင်ညှိုးနွမ်းလျက် အသီးမရှိ သည့်စပျစ်ပင်များ၊ အသီးမသီးသောသင်္ဘော သဖန်းပင်များနှင့်တူကြ၏။ ထိုကြောင့်ငါ ပေးသောပြည်တော်ကိုတစ်ပါးသူတို့၏ လက်ထဲသို့ရောက်စေတော်မူလေပြီ။