3. ဣသရေလအမျိုးသားတို့၏ဘုရားသခင် တည်းဟူသောအနန္တတန်ခိုးရှင်ထာဝရဘုရား က``ငါသည်သင်တို့အား ဤအရပ်တွင်ဆက်လက် နေထိုင်ခွင့်ပြုနိုင်ရန်သင်တို့သည် မိမိတို့နေ ထိုင်မှုနှင့်အပြုအမူတို့ကိုပြုပြင်ပြောင်း လဲစေကြလော့။-
4. `ဤဗိမာန်သည် ထာဝရဘုရား၏ဗိမာန်တော် ဖြစ်၏။ ထာဝရဘုရား၏ဗိမာန်တော်ဖြစ်၏။ ထာဝရဘုရား၏ဗိမာန်တော်ဖြစ်၏' ဟု ပြောဆိုသူတို့၏မုသားစကားကိုမယုံ ကြနှင့်။
5. ``သင်တို့နေထိုင်မှုတို့ကိုပြုပြင်ပြောင်းလဲ စေကြလော့။ ယခုပြုသောအကျင့်တို့ကို မပြုတော့နှင့်။ သင်တို့အချင်းချင်းဆက်ဆံ ရာတွင်တရားမျှတမှုရှိစေကြလော့။-
6. တိုင်းတစ်ပါးသားများ၊ မိဘမဲ့သူများနှင့် မုဆိုးမများအပေါ်တွင်အခွင့်ကောင်းမယူ ကြနှင့်တော့။ ဤသန့်ရှင်းရာဌာနတော်တွင် အပြစ်မဲ့သူတို့အားသတ်ဖြတ်မှုမပြုကြ နှင့်တော့။ အခြားဘုရားများကိုဝတ်ပြုကိုး ကွယ်မှုသည်သင်တို့အားအကျိုးယုတ်စေ မည်ဖြစ်၍ထိုအမှုကိုရပ်စဲလိုက်ကြလော့။-