21. ဤသို့လျှင်အနန္တတန်ခိုးရှင်ဣသရေလ လူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ၏။ ``ငါ၏လူမျိုးတော်၊ သင်တို့ သည်မိမိတို့စားခွင့်ရှိသည့်ယဇ်များရှိ သလိုယဇ်ပလ္လင်ပေါ်တွင်တင်၍ တစ်ကောင် လုံးမီးရှို့ပူဇော်သည့်ယဇ်များလည်းရှိ သည်။ ထိုယဇ်နှစ်မျိုးစလုံးကိုပင်စား ကြလော့။-
22. သင်တို့၏ဘိုးဘေးများအားအီဂျစ်ပြည် မှထုတ်ဆောင်လာစဉ်အခါက ငါသည်မီး ရှို့ရာပူဇော်သကာများနှင့်ပတ်သက်၍လည်း ကောင်း၊ အခြားပူဇော်ရာယဇ်များနှင့်ပတ် သက်၍လည်းကောင်းအဘယ်ပညတ်ကို မျှမပေးမအပ်ခဲ့။-
23. သို့ရာတွင်ငါသည်သူတို့၏ဘုရားသခင် ဖြစ်၍သူတို့သည်လည်း ငါ၏လူမျိုးတော် ဖြစ်စိမ့်သောငှာငါ့စကားကိုနားထောင်ကြ ရန်ကိုမူငါပညတ်ခဲ့၏။ အစစအရာရာ အဆင်ပြေရေးအတွက် ငါချပေးသည့် လမ်းစဉ်အတိုင်းလိုက်လျှောက်ပြုကျင့် ကြရန်ငါမှာကြားခဲ့၏။-
24. သို့ရာတွင်သူတို့သည်ငါ၏စကားကိုနား မထောင်၊ အလေးဂရုလည်းမပြုကြ။ သူတို့ သည်မိမိတို့၏ခိုင်မာဆိုးညစ်သည့်စိတ်နှ လုံးမှပေါ်ထွက်လာသည့်အကြံအစည်များ အတိုင်းပြုမူကြကုန်သည်။ သူတို့သည်ပိုမို ကောင်းမွန်လာမည့်အစားဆိုးယုတ်၍လာ ကြ၏။-
25. အီဂျစ်ပြည်ကသင်တို့၏ဘိုးဘေးများထွက် လာသောနေ့မှအစပြု၍ ယနေ့တိုင်အောင် ငါသည်မိမိ၏အစေခံပရောဖက်များ ကိုအမြဲတစေ စေလွှတ်ခဲ့၏။-
26. သို့ရာတွင်သင်တို့သည်ငါ့စကားကိုနား မထောင်။ အလေးဂရုလည်းမပြုကြ။ သင် တို့သည်မိမိတို့၏ဘိုးဘေးများထက်ပင် ပိုမို၍ခေါင်းမာပုန်ကန်သူများဖြစ်လာ ကြလေသည်။
27. ``သို့ဖြစ်၍အချင်းယေရမိ၊ သင်သည်ဤ စကားများကိုသူတို့အားပြောကြားသော် လည်း သူတို့နားထောင်ကြလိမ့်မည်မဟုတ်။ သင်သည်သူတို့အားခေါ်သော်လည်း သူတို့ ထူးကြလိမ့်မည်မဟုတ်။-
28. သူတို့သည်မိမိတို့ဘုရားသခင်ထာဝရ ဘုရား၏စကားကိုနားထောင်ကာ အပြစ် ဒဏ်ခံရမှုမှသင်ခန်းစာကိုခံယူမည့်လူ မျိုးမဟုတ်ကြောင်းကိုသူတို့အားပြော ကြားလော့။ သစ္စာစကားသည်ကွယ်ပျောက် သွားပြီ။ ဟုတ်မှန်ရာကိုမပြောကြတော့ပြီ။
29. ``ယေရုရှလင်မြို့သားတို့၊ငိုကြွေးမြည်တမ်း ကြလော့။ သင်တို့၏ဆံပင်ကိုဖြတ်၍ပစ်ထုတ်လိုက် ကြလော့။ငါထာဝရဘုရားသည်မိမိအမျက်တော် ရှသည့် လူမျိုးတော်အားပစ်ပယ်စွန့်လွှတ်လိုက်ပြီ ဖြစ်၍သင်တို့သည်တောင်ထိပ်များပေါ်တွင်အသုဘ သီချင်းကိုဆိုကြလော့။
30. ထာဝရဘုရားက``ယုဒပြည်သူတို့သည် ဒုစရိုက်ကိုပြုကျင့်ကြလေပြီ။ သူတို့သည် ငါစက်ဆုတ်သည့်ရုပ်တုများဖြင့် ငါ့နာမ တော်ကိုဆောင်သောအိမ်တော်ထဲသို့ယူဆောင် လာ၍ညစ်ညမ်းစေလေပြီ။-
31. သူတို့သည်မိမိတို့၏သားသမီးများအား မီးရှို့ပူဇော်နိုင်ရန် ဟိန္နုံချိုင့်ဝှမ်းတွင်တောဖက် နာမည်တွင်သောယဇ်ပလ္လင်ကိုတည်ဆောက်ကြ လေပြီ။ ထိုအမှုကိုပြုရန်သူတို့အားငါ မစေခိုင်းခဲ့၊ စိတ်ပင်မကူးခဲ့။-
32. သို့ဖြစ်၍ထိုချိုင့်ဝှမ်းသည်တောဖက်ဟူ၍ သော်လည်းကောင်း၊ ဟိန္နုံဟူ၍သော်လည်းကောင်း နာမည်မတွင်တော့မည့်နေ့ရက်ကာလကျ ရောက်လာလိမ့်မည်။ လူသေတို့ကိုသင်္ဂြိုဟ်ရန် နေရာမရှိတော့သည့်တိုင်အောင် ထိုချိုင့်ဝှမ်း တွင်သင်္ဂြိုဟ်ရသောကြောင့် ထိုချိုင့်ဝှမ်းကိုကွပ် မျက်ရာချိုင့်ဟုခေါ်ဝေါ်သမုတ်ကြလိမ့် မည်ဟုထာဝရဘုရားမိန့်တော်မူ၏။-
33. လူသေအလောင်းတို့သည်ငှက်များနှင့်တော သားရဲတို့၏အစာဖြစ်ကြလိမ့်မည်။ ထို တိရစ္ဆာန်များအားခြောက်လှန့်နှင်ထုတ်မည့် သူတစ်စုံတစ်ယောက်မျှရှိလိမ့်မည်မဟုတ်။-
34. ငါသည်ယုဒမြို့များနှင့်ယေရုရှလင်လမ်း များတွင်မင်္ဂလာဆောင်ခဲ့၏။ ရွှင်လန်းဝမ်း မြောက်သံများကိုဆိတ်သုဉ်းစေမည်။ ထို ဒေသသည်လူသူကင်းမဲ့လိမ့်မည်။