15. ငါသည်သင်တို့၏ဆွေမျိုးဖြစ်သည့်ဧဖရိမ် ပြည်သားတို့အား ငါ့ရှေ့မှောက်မှနှင်ထုတ် သကဲ့သို့သင်တို့အားနှင်ထုတ်မည်'' ဟု ထာဝရဘုရားမိန့်တော်မူခဲ့၏။
16. ``အချင်းယေရမိ၊ ဤလူတို့အဖို့ဆုတောင်း ပတ္ထနာမပြုနှင့်။ သူတို့အတွက်တောင်းပန်မှု ကိုသော်လည်းကောင်း၊ အသနားခံမှုကို သော်လည်းကောင်းမပြုနှင့်။ ငါသည်သင် ၏စကားကိုနားထောင်လိမ့်မည်မဟုတ် သဖြင့်ငါ့အားမလျှောက်မလဲနှင့်။-
17. ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ သူတို့ပြုကျင့်လျက်ရှိသောအမှုတို့ကို သင်မမြင်သလော။-
18. ကလေးသူငယ်များသည်ထင်းခွေ၍အမျိုး သားကြီးများကမီးမွေးကာအမျိုးသမီး ကြီးများက ကောင်းကင်မိဖုရားအမည်တွင် သောနတ်သမီးအားပူဇော်ရန်မုန့်ညက်ကို နယ်၍မုန့်ဖုတ်ကြ၏။ သူတို့သည်ငါ့စိတ်တော် မသာမယာစေရန်အခြားဘုရားများ အတွက် စပျစ်ရည်ပူဇော်သကာကိုလည်း သွန်းလောင်းဆက်သကြ၏။-
19. သို့ရာတွင်အကယ်ပင်စိတ်မသာမယာဖြစ်သူ မှာငါပေလော'' မဟုတ်ပေ။ ``သူတို့သည်သာ လျှင်မိမိတို့စိတ်ကိုမသာမယာစေလျက် အရှက်ကွဲရကြပေသည်။-
20. သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် မိမိ၏ပြင်းထန်သောအမျက်တော်ကို ဤ ဗိမာန်ပေါ်သို့သွန်းလောင်းမည်။ လူများနှင့် တိရစ္ဆာန်များအပေါ်သို့လည်းကောင်း၊ သစ်ပင် များနှင့်အသီးအနှံများအပေါ်သို့လည်း ကောင်းငါသွန်းလောင်းမည်။ ငါ၏အမျက် တော်သည်အဘယ်သူမျှမငြိမ်းမသတ် နိုင်သည့်မီးနှင့်တူ၏။
21. ဤသို့လျှင်အနန္တတန်ခိုးရှင်ဣသရေလ လူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ၏။ ``ငါ၏လူမျိုးတော်၊ သင်တို့ သည်မိမိတို့စားခွင့်ရှိသည့်ယဇ်များရှိ သလိုယဇ်ပလ္လင်ပေါ်တွင်တင်၍ တစ်ကောင် လုံးမီးရှို့ပူဇော်သည့်ယဇ်များလည်းရှိ သည်။ ထိုယဇ်နှစ်မျိုးစလုံးကိုပင်စား ကြလော့။-
22. သင်တို့၏ဘိုးဘေးများအားအီဂျစ်ပြည် မှထုတ်ဆောင်လာစဉ်အခါက ငါသည်မီး ရှို့ရာပူဇော်သကာများနှင့်ပတ်သက်၍လည်း ကောင်း၊ အခြားပူဇော်ရာယဇ်များနှင့်ပတ် သက်၍လည်းကောင်းအဘယ်ပညတ်ကို မျှမပေးမအပ်ခဲ့။-
23. သို့ရာတွင်ငါသည်သူတို့၏ဘုရားသခင် ဖြစ်၍သူတို့သည်လည်း ငါ၏လူမျိုးတော် ဖြစ်စိမ့်သောငှာငါ့စကားကိုနားထောင်ကြ ရန်ကိုမူငါပညတ်ခဲ့၏။ အစစအရာရာ အဆင်ပြေရေးအတွက် ငါချပေးသည့် လမ်းစဉ်အတိုင်းလိုက်လျှောက်ပြုကျင့် ကြရန်ငါမှာကြားခဲ့၏။-
24. သို့ရာတွင်သူတို့သည်ငါ၏စကားကိုနား မထောင်၊ အလေးဂရုလည်းမပြုကြ။ သူတို့ သည်မိမိတို့၏ခိုင်မာဆိုးညစ်သည့်စိတ်နှ လုံးမှပေါ်ထွက်လာသည့်အကြံအစည်များ အတိုင်းပြုမူကြကုန်သည်။ သူတို့သည်ပိုမို ကောင်းမွန်လာမည့်အစားဆိုးယုတ်၍လာ ကြ၏။-
25. အီဂျစ်ပြည်ကသင်တို့၏ဘိုးဘေးများထွက် လာသောနေ့မှအစပြု၍ ယနေ့တိုင်အောင် ငါသည်မိမိ၏အစေခံပရောဖက်များ ကိုအမြဲတစေ စေလွှတ်ခဲ့၏။-
26. သို့ရာတွင်သင်တို့သည်ငါ့စကားကိုနား မထောင်။ အလေးဂရုလည်းမပြုကြ။ သင် တို့သည်မိမိတို့၏ဘိုးဘေးများထက်ပင် ပိုမို၍ခေါင်းမာပုန်ကန်သူများဖြစ်လာ ကြလေသည်။
27. ``သို့ဖြစ်၍အချင်းယေရမိ၊ သင်သည်ဤ စကားများကိုသူတို့အားပြောကြားသော် လည်း သူတို့နားထောင်ကြလိမ့်မည်မဟုတ်။ သင်သည်သူတို့အားခေါ်သော်လည်း သူတို့ ထူးကြလိမ့်မည်မဟုတ်။-
28. သူတို့သည်မိမိတို့ဘုရားသခင်ထာဝရ ဘုရား၏စကားကိုနားထောင်ကာ အပြစ် ဒဏ်ခံရမှုမှသင်ခန်းစာကိုခံယူမည့်လူ မျိုးမဟုတ်ကြောင်းကိုသူတို့အားပြော ကြားလော့။ သစ္စာစကားသည်ကွယ်ပျောက် သွားပြီ။ ဟုတ်မှန်ရာကိုမပြောကြတော့ပြီ။