ယေ​ရ​မိ 6:10-24 Common Language Bible (BCL)

10. ငါ​က​လည်း``အ​ကယ်​၍​ကျွန်​တော်​မျိုး​ပြော ဆို​သ​တိ​ပေး​သော် အ​ဘယ်​သူ​သည်​ကျွန်​တော် မျိုး​၏​စ​ကား​ကို​နား​ထောင်​ပါ​မည်​နည်း။ သူ တို့​သည်​နား​များ​ကို​ပိတ်​၍​ကိုယ်​တော်​ရှင်​၏ ဗျာ​ဒိတ်​တော်​ကို​နာ​ခံ​ရန်​ငြင်း​ဆို​လျက် ကိုယ် တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​ကို​ပြက်​ရယ်​ပြု ကြ​ပါ​၏။-

11-12. အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ် တော်​ရှင်​၏​အ​မျက်​တော်​နှင့်​ပြည့်​လျက်​ရှိ သ​ဖြင့် မျို​သိပ်​၍​ပင်​မ​ထား​နိုင်​တော့​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​အ​မျက် တော်​ကို​လမ်း​များ​ပေါ်​ရှိ​က​လေး​သူ​ငယ်​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ လူ​ငယ်​လူ​ရွယ်​အ​စု အ​ဝေး​များ​ပေါ်​သို့​လည်း​ကောင်း​သွန်း​လောင်း လော့။ ဇ​နီး​မောင်​နှံ​များ​နှင့်​အ​လွန်​အို​မင်း​သူ များ​သည်​ချမ်း​သာ​ရာ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​၏​အိမ်​များ၊ လယ်​ယာ​များ​နှင့်​အ​မျိုး သ​မီး​များ​သည်​သူ​တစ်​ပါး​လက်​သို့​ရောက်​ရှိ ရ​ကြ​လိမ့်​မည်။ ငါ​သည်​ဤ​ပြည်​မှ​လူ​တို့​ကို လက်​တော်​ကို​ဆန့်​လျက်​အ​ပြစ်​ဒဏ်​ပေး​တော် မူ​မည်။-

13. ကြီး​ငယ်​မ​ဟူ​လူ​အ​ပေါင်း​တို့​သည်​မ​တ​ရား စီး​ပွား​ရှာ​ကြ​၏။ ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု ရော​ဟိတ်​များ​ပင်​လျှင်​လူ​တို့​ကို​လှည့်​ဖြား ကြ​၏။-

14. ထို​သူ​တို့​သည်​ငါ့​လူ​မျိုး​တော်​၏​အ​နာ​များ ကို​ပေါ့​ပေါ့​တန်​တန်​သ​ဘော​ထား​၍​ကု​သ ကြ​၏။ `အ​စ​စ​အ​ရာ​ရာ​အ​ဆင်​မ​ပြေ​ချိန် ၌​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ​သည်' ဟု​ဆို​ကြ​၏။-

15. သူ​တို့​သည်​စက်​ဆုတ်​သည့်​အ​မှု​တို့​ကို​ပြု​ကျင့် သည့်​အ​တွက်​ရှက်​ကြ​ပါ​သ​လော။ အ​လျှင်း မ​ရှက်​ကြ။ ရှက်​သွေး​ရောင်​ပင်​မ​သန်း​ကြ။ သို့ ဖြစ်​၍​သူ​တို့​သည်​အ​ခြား​သူ​များ​နည်း​တူ ပြို​လဲ​ရ​ကြ​လိမ့်​မည်။ ငါ​အ​ပြစ်​ဒဏ်​ခတ်​သော အ​ခါ​သူ​တို့​သည်​ဆုံး​ခန်း​သို့​ရောက်​ကြ​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

16. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား``လမ်း​ဆုံ​လမ်း​ခွ​တို့​တွင်​ရပ်​၍​ကြည့် ကြ​လော့။ ရှေး​လမ်း​ဟောင်း​တို့​ကို​စုံ​စမ်း ရှာ​ဖွေ​ကြ​လော့။ အ​ကောင်း​ဆုံး​သော​လမ်း အ​ဘယ်​မှာ​နည်း​ဟု​မေး​မြန်း​၍ ထို​လမ်း​သို့ လိုက်​လျှင်​သင်​တို့​၏​ဝိ​ညာဉ်​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ရှိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။သို့​ရာ​တွင်​သူ​တို့​က``ထို​လမ်း​ကို အ​ကျွန်ုပ် တို့​မ​လိုက်​လို​ပါ'' ဟု​ပြန်​ပြော​ကြ​၏။

17. တံ​ပိုး​ခ​ရာ​မှုတ်​၍​သ​တိ​ပေး​သံ​ကို​နား ထောင်​ရန် ထာ​ဝ​ရ​ဘု​ရား​သည် ကင်း​စောင့်​များ ကို​ခန့်​ထား​တော်​မူ​၏။ သို့​ရာ​တွင်​ထို​သူ​တို့ က``အ​ကျွန်ုပ်​တို့​နား​မ​ထောင်​လို​ပါ'' ဟု ဆို​ကြ​၏။

18. ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​လူ​မျိုး တ​ကာ​တို့၊ နား​ထောင်​ကြ​လော့။ အ​ချင်း​သက်​သေ အ​ပေါင်း​တို့၊ ငါ​၏​လူ​မျိုး​တော်​ကြုံ​တွေ့​ရ​မည့် ကံ​ကြမ္မာ​ကို​လေ့​လာ​ကြ​လော့။-

19. ကမ္ဘာ​မြေ​ကြီး​သား​တို့၊ နား​ထောင်​ကြ​လော့။ ဤ လူ​တို့​သည်​ငါ့​စ​ကား​ကို​မ​နာ​ယူ၊ ငါ​၏​သြ ဝါ​ဒ​ကို​လည်း​ပစ်​ပယ်​ကြ​၏။ သို့​ဖြစ်​၍​ငါ သည်​သူ​တို့​ခံ​ယူ​ထိုက်​သည့်​ဘေး​အန္တ​ရာယ် ဆိုး​ကို​သူ​တို့​အ​ပေါ်​သို့​သက်​ရောက်​စေ​မည်။-

20. ရှေ​ဘ​ပြည်​မှ​သူ​တို့​ယူ​ဆောင်​လာ​သော​လော်​ဗန် ကို​သော်​လည်း​ကောင်း၊ ဝေး​လံ​ရပ်​ခြား​မှ​ယူ​ဆောင် လာ​သည့်​နံ့​သာ​ပေါင်း​ကို​သော်​လည်း​ကောင်း​ငါ အ​လို​မ​ရှိ။ သူ​တို့​၏​ပူ​ဇော်​သ​ကာ​များ​ကို​ငါ လက်​မ​ခံ၊ သူ​တို့​ယဇ်​ပူ​ဇော်​ခြင်း​များ​ကို​ငါ မ​နှစ်​သက်'' ဟု​မိန့်​တော်​မူ​၏။-

21. သို့​ဖြစ်​၍​ငါ​သည်​ဤ​လူ​တို့​ရှေ့​တွင်​ခ​လုတ် များ​ချ​ထား​သဖြင့် ခြေ​ချော်​၍​လဲ​စေ​မည်။ ဖ​ခင်​များ​နှင့်​သား​များ​သည်​လည်း​ကောင်း မိတ်​ဆွေ​များ​နှင့်​အိမ်​နီး​ချင်း​များ​သည် လည်း​ကောင်း​သေ​ရ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

22. ထာ​ဝ​ရ​ဘု​ရား​က``မြောက်​အ​ရပ်​ရှိ​နိုင်​ငံ​တစ် ခု​မှ လူ​တို့​သည် ချီ​တက်​လာ​ကြ​လိမ့်​မည်။ ရပ် ဝေး​မှ​အင်​အား​ကြီး​မား​သည့်​လူ​မျိုး​သည် စစ်​တိုက်​ရန်​ပြင်​ဆင်​လျက်​နေ​၏။-

23. သူ​တို့​သည်​လေး​များ၊ လှံ​များ​ကို​စွဲ​ကိုင်​ကြ လေ​ပြီ။ သူ​တို့​သည်​ရက်​စက်​ကြမ်း​ကြုတ်​၍ သ​နား​က​ရု​ဏာ​ကင်း​မဲ့​သူ​များ​ဖြစ်​ကြ​၏။ မြင်း​များ​ကို​စီး​၍​လာ​ချိန်​၌​သူ​တို့​၏​အ​သံ သည်​ပင်​လယ်​မြည်​ဟည်း​သံ​နှင့်​တူ​၏။ သူ​တို့ သည်​ဇိ​အုန်​မြို့​ကို​တိုက်​ခိုက်​ရန်​အ​သင့်​ရှိ လေ​ပြီ။''

24. ယေ​ရု​ရှ​လင်​မြို့​သား​တို့​က``ဤ​သ​တင်း​ကို ငါ​တို့​ကြား​သော​အ​ခါ ငါ​တို့​၏​လက်​များ သည်​ပျော့​ခွေ​၍​သွား​ပါ​၏။ ငါ​တို့​သည်​သား ဖွား​သော​အ​မျိုး​သ​မီး​ကဲ့​သို့​ပြင်း​စွာ ဝေ​ဒ​နာ​ခံ​ရ​ကြ​ပါ​၏။-

ယေ​ရ​မိ 6