1. ဗင်္ယာမိန်ပြည်သားတို့၊ ဘေးမဲ့လုံခြုံရာသို့ပြေး ကြလော့။ ယေရုရှလင်မြို့မှထွက်သွားကြလော့။ တေကောရွာ၌တံပိုးခရာကိုမှုတ်ကြလော့။ ဗေသက္ကရင်ရွာတွင်အချက်ပြမီးရှူးတိုင်ကို မြှောက်တင်ကြလော့။ ဘေးအန္တရာယ်နှင့်ပျက်စီး ခြင်းသည်မြောက်အရပ်မှရောက်ရှိလာတော့ မည်။-
2. ဇိအုန်သမီးပျိုသည်လှပ၍သိမ်မွေ့ သော်လည်း ဖျက်ဆီးခြင်းခံရလိမ့်မည်။-
3. သိုးထိန်းများသည်မိမိတို့သိုးများနှင့်ထို အရပ်တွင်စခန်းချကြလိမ့်မည်။ သူတို့သည် မိမိတို့တဲရှင်များကိုသင်၏ပတ်လည်တွင် ထိုးပြီးလျှင် မိမိတို့အသီးသီးအလိုရှိ ရာတွင်စခန်းချကြလိမ့်မည်။-
4. သူတို့က``ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန် အသင့်ပြင်ထားကြလော့။ မွန်းတည့်ချိန်၌ ငါတို့တိုက်ခိုက်ကြကုန်အံ့'' ဟုဆိုကြ၏။ သို့ ရာတွင်သူတို့က ``ကနေ့အချိန်ကုန်လွန် တော့မည်။ ညနေစောင်းကျချိန်ရောက်ပြီ ဖြစ်၍ယခုနောက်ကျသွားပေပြီ။-
5. ညဥ့်အခါငါတို့တိုက်ခိုက်ကြကုန်အံ့။ ယေရု ရှလင်မြို့ခံတပ်များကိုဖြိုဖျက်ကြကုန်အံ့'' ဟုဆိုကြ၏။
6. အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ ဘုရင်တို့အားယေရုရှလင်မြို့ကိုဝိုင်းရံ ထားနိုင်ရန်သစ်ပင်များကိုခုတ်လှဲ၍ မြေ ကတုတ်များကိုဖို့စေခြင်းငှာအမိန့်ပေး တော်မူလေပြီ။ ကိုယ်တော်က``ဤမြို့သည် ညှင်းပန်းနှိပ်စက်မှုနှင့်ပြည့်နှက်လျက်ရှိ သဖြင့်ငါသည်ဤမြို့ကိုဒဏ်ခတ်မည်။-
7. စမ်းရေတွင်းမှရေသည်အစဉ်စီးထွက်လျက် ရှိသကဲ့သို့ယေရုရှလင်မြို့မှမကောင်းမှု များသည်အစဉ်ယိုစီးလျက်နေ၏။ မြို့ထဲ ၌အကြမ်းဖက်မှု၊ လုယက်ဖျက်ဆီးမှုတို့ ကိုငါကြားရ၍ဖျားနာမှုနှင့်ဒဏ်ရာ ဒဏ်ချက်များကိုငါမြင်ရ၏။-
8. အို ယေရုရှလင်မြို့သားတို့၊ သင်တို့သည်ဤ အမှုအရာများမှသင်ခန်းစာယူကြလော့။ သို့မဟုတ်ပါမူငါသည်သင်တို့အားအစဉ် စွန့်ပစ်မည်။ သင်တို့မြို့ကိုလူသူကင်းမဲ့ရာ သွေ့ခြောက်သောဒေသအဖြစ်သို့ငါပြောင်း လဲစေမည်'' ဟုမိန့်တော်မူ၏။
9. အနန္တတန်ခိုးရှင်ထာဝရဘုရားက ငါ့ အား``စပျစ်ဥယျာဉ်မှစပျစ်သီးရှိသမျှ ကိုအကြွင်းအကျန်မရှိအောင်ဆွတ်ခူးသကဲ့ သို့၊ ဣသရေလပြည်မှလူအကြွင်းအကျန် မရှိစေရ။ သို့ဖြစ်၍သင်သည်အချိန်ရှိခိုက် ကယ်ဆယ်၍ရနိုင်သမျှဣသရေလအမျိုး သားတို့အားကယ်ဆယ်ရမည်ဟုမိန့်တော် မူ၏။
10. ငါကလည်း``အကယ်၍ကျွန်တော်မျိုးပြော ဆိုသတိပေးသော် အဘယ်သူသည်ကျွန်တော် မျိုး၏စကားကိုနားထောင်ပါမည်နည်း။ သူ တို့သည်နားများကိုပိတ်၍ကိုယ်တော်ရှင်၏ ဗျာဒိတ်တော်ကိုနာခံရန်ငြင်းဆိုလျက် ကိုယ် တော်ရှင်၏နှုတ်ကပတ်တော်ကိုပြက်ရယ်ပြု ကြပါ၏။-
11-12. အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ် တော်ရှင်၏အမျက်တော်နှင့်ပြည့်လျက်ရှိ သဖြင့် မျိုသိပ်၍ပင်မထားနိုင်တော့ပါ'' ဟုပြန်လည်လျှောက်ထား၏။ထိုအခါ ထာဝရဘုရားက``ငါ၏အမျက် တော်ကိုလမ်းများပေါ်ရှိကလေးသူငယ်တို့ အပေါ်သို့လည်းကောင်း၊ လူငယ်လူရွယ်အစု အဝေးများပေါ်သို့လည်းကောင်းသွန်းလောင်း လော့။ ဇနီးမောင်နှံများနှင့်အလွန်အိုမင်းသူ များသည်ချမ်းသာရာရကြလိမ့်မည်မဟုတ်။ သူတို့၏အိမ်များ၊ လယ်ယာများနှင့်အမျိုး သမီးများသည်သူတစ်ပါးလက်သို့ရောက်ရှိ ရကြလိမ့်မည်။ ငါသည်ဤပြည်မှလူတို့ကို လက်တော်ကိုဆန့်လျက်အပြစ်ဒဏ်ပေးတော် မူမည်။-
13. ကြီးငယ်မဟူလူအပေါင်းတို့သည်မတရား စီးပွားရှာကြ၏။ ပရောဖက်များနှင့်ယဇ်ပု ရောဟိတ်များပင်လျှင်လူတို့ကိုလှည့်ဖြား ကြ၏။-
14. ထိုသူတို့သည်ငါ့လူမျိုးတော်၏အနာများ ကိုပေါ့ပေါ့တန်တန်သဘောထား၍ကုသ ကြ၏။ `အစစအရာရာအဆင်မပြေချိန် ၌အစစအရာရာအဆင်ပြေပါသည်' ဟုဆိုကြ၏။-
15. သူတို့သည်စက်ဆုတ်သည့်အမှုတို့ကိုပြုကျင့် သည့်အတွက်ရှက်ကြပါသလော။ အလျှင်း မရှက်ကြ။ ရှက်သွေးရောင်ပင်မသန်းကြ။ သို့ ဖြစ်၍သူတို့သည်အခြားသူများနည်းတူ ပြိုလဲရကြလိမ့်မည်။ ငါအပြစ်ဒဏ်ခတ်သော အခါသူတို့သည်ဆုံးခန်းသို့ရောက်ကြလိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
16. ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အား``လမ်းဆုံလမ်းခွတို့တွင်ရပ်၍ကြည့် ကြလော့။ ရှေးလမ်းဟောင်းတို့ကိုစုံစမ်း ရှာဖွေကြလော့။ အကောင်းဆုံးသောလမ်း အဘယ်မှာနည်းဟုမေးမြန်း၍ ထိုလမ်းသို့ လိုက်လျှင်သင်တို့၏ဝိညာဉ်သည်ငြိမ်းချမ်း သာယာမှုရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။သို့ရာတွင်သူတို့က``ထိုလမ်းကို အကျွန်ုပ် တို့မလိုက်လိုပါ'' ဟုပြန်ပြောကြ၏။
17. တံပိုးခရာမှုတ်၍သတိပေးသံကိုနား ထောင်ရန် ထာဝရဘုရားသည် ကင်းစောင့်များ ကိုခန့်ထားတော်မူ၏။ သို့ရာတွင်ထိုသူတို့ က``အကျွန်ုပ်တို့နားမထောင်လိုပါ'' ဟု ဆိုကြ၏။